ကရင်နီပြည်နယ် ဖယ်ခုံမြို့နယ်နဲ့ ရှမ်းပြည်တောင်ပိုင်း ပင်လောင်းနယ်စပ်ဘက်ကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို မြေပြင်တော်လှန်ရေးတပ်တွေနဲ့အတူ သွားရောက်ပူးပေါင်းပြီး ခုခံတွန်းလှန်တိုက်ခိုက်နေတယ်လို့ ကယန်းအမျိုးသားတပ်မတော် ( KNA) က မနေ့က နိုဝင်ဘာ ၁၇ရက်မှာ အသိပေးပါတယ်။ဒီနေ့ နိုဝင်ဘာ ၁၈ရက် မနက် ၁၁နာရီမှာတော့ ဖယ်ခုံမြို့နယ်ရှိ ဘန်ကောက် စစ်ဘေးရှောင်စခန်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်လို့ လူထိခိုက်မှုရှိတယ်လို့ ကနဦးသတင်းရရှိပါတယ်။
နိုဝင်ဘာလ (၁၁)ရက်နေ့က ပင်လောင်း-ဖယ်ခုံနယ်စပ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ဖယ်ခုံမြို့နယ်၊ ပူချယ်ကျေးရွာကနေ ကောက်ရိတ်ပြန်လာတဲ့ အရပ်သားပြည်သူ (၂၀၀) ဦးကို မတရားဖမ်းဆီး ခဲ့တဲ့အပြင် ဖယ်ခုံမြို့နယ်အတွင်း စစ်ကြောင်းထိုးနေကာ ပင်လောင်း-ဖယ်ခုံ ကြားရှိ၊ နန့်ဖာမူ ၊ ပင်စုံ၊ လွုင်ကြိုင်း၊ ကုန်းပေါ၊ ဗန်းမောက်၊ ကျေးရွာတွေနဲ့ ဖယ်ခုံမြို့ပေါ်ရပ်ကွက်ရှိ နေအိမ်တွေကို ဖောက်ထွင်း လုရက်ခြင်း၊ မီးရှို့ခြင်းတွေ လုပ်ဆောင်ခဲ့တယ်လို့ ကရင်နီပြည်အမျိုးသားများကာကွယ်ရေးတပ် KNDF က နိုဝင်ဘာ ၁၃ရက်မှာ အသိပေးထားပါတယ်။
စစ်ကြောင်းထိုးရာ လမ်းလျှောက် စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၀၀) မက လုပ်ဆောင် ခဲ့တဲ့အပြင် တိုက်ပွဲနဲ့ မသက်ဆိုင်တဲ့ ကျေးရွာများ၊ စစ်ရှောင်စခန်းများကိုလည်း လေကြောင်း တိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။နိုဝင်ဘာလအတွင်း ဖယ်ခုံမြို့နယ်တွင် စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ ဒရုန်းဖြင့် တိုက်ခိုက်မှုတို့ကြောင့် (၈) နှစ် အရွယ် ကလေးတစ်ဦးအပါအဝင် အရပ်သားပြည်သူ (၆) ဦးသေဆုံးခဲ့ရပြီး (၅) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရပါတယ်။လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသတို့က တော်လှန်ရေး အင်အားစုတွေနဲ့ ဖွဲ့စည်းထားတဲ့ ကယန်းအမျိုးသားတပ်မတော် – KNAဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကို ပြည်ထောင်စုအစိုးရအဖြစ်အသိအမှတ်ပြုပြီး မည်သည့် တော်လှန်ရေးလက်နက်ကိုင်အင်အားစုနဲ့မဆို စစ်ကောင်စီကို အမြစ်ပြတ်ခြေမှုန်းဖို့ ပူးပေါင်းတိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
More Stories
ငါန်းဇွန်မှာ စက်တပ်လေထီးနဲ့ရော လေယာဉ်နဲ့ပါဗုံးကြဲလို့ မိသားစုလိုက်သေဆုံးပြီး ၃ဦးမှာ အလောင်းပြန်မရနိုင်အောင်ပျက်စီးခဲ့
တောင်သာမှာ စစ်ကောင်စီက လေထီးမှာ စက်တပ်ပြီး စတင် ဗုံးကြဲတိုက်ခိုက်လာ
နခခ ၅တိုက်ပွဲမှာ စကစ Y 12 ကို ပစ်ခတ်နေတဲ့ AA ရဲ့ လေယာဉ်ပစ်လက်နက်