Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 30, 2026

သိမ်းပိုက်ပြီးတဲ့ မြို့နယ်တွေကို ကာကွယ်စောင့်ရှောက်ကြဖို့ TNLA စစ်ဦးစီးချုပ်က ပြောဆိုလိုက်ပါတယ်

စစ်ကောင်စီက ဆုံးရှုံးထားတဲ့နယ်မြေတွေအပေါ် ပြင်းပြင်းထန်ထန်ဗုံးကြဲနေစဉ်မှာပဲ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA က အထူးတိုက်ခိုက်ရေးစစ်သင်တန်းဆင်းပွဲတခုကို နိုဝင်ဘာ ၉ ရက်နေ့က ကျင်းပခဲ့ကြပါတယ်။ အဲ့ဒီ စစ်သင်တန်းဆင်းပွဲမှာ TNLAစစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက တိုက်ခိုက်သိမ်းပိုက်ရရှိထားတဲ့ မြို့နယ်(၁၂)မြို့နယ်ကို ဆက်လက်ကာကွယ်စောက်ရှောက်ရန်၊ လူမျိုးနဲ့ အနာဂတ်မျိုးဆက်သစ်တွေအတွက် မျိုးချစ်စိတ်ဓာတ်ထားရှိရန်” မိန့်ခွန်းပြောကြားခဲ့တယ်လို့ TNLA က ယနေ့(နိုဝင်ဘာ ၁၃ရက်) နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ပြီးခဲ့တဲ့ အထူးတိုက်ခိုက်ရေးသင်တန်းဆင်းပွဲကို သင်တန်းသား ၁၀၀၀ ကျော်နဲ့ တအန်းထိန်းချုပ်ဒေသတခုမှာ ကျင်းပခဲ့ကြတာဖြစ်ပါတယ်။ သင်တန်းဟာ ၃ လကြာမြင့်ခဲ့ပြီး စစ်ဆင်ရေးနဲ့ ရှေ့တန်းတိုက်ခိုက်ရေး ကျွမ်းကျင်ဖို့ သင်ကြားတာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းသား ၂၀၀ ကျော်ပါဝင်တဲ့ အမျိုးသမီး စစ်သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာ ၁၁ရက်နေ့မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အမျိုးသမီးစစ်မေတွေကို အုပ်ချုပ်ရေးဌာနမှ တရာဥပဒေစိုးမိုးရေးအဖွဲ့၊ အမျိုးသမီးဖွံ့ဖြိုးတိုးတက်ရေးဌာန၊သတင်းနဲ့ပြန်ကြားရေးဌာန၊ဗဟိုရုံးချုပ်နဲ့စစ်ဦးစီးရုံးကို တာဝန်ခွဲအပ်ပေးခဲ့တယ်လို့ ဆိုထားပါတယ်။ အဆိုပါသင်တန်းများမှာ စိတ်ဓာတ်ပိုင်းဆိုင်ရာအနေနဲ့ စစ်သားတစ်ဦးတွင် ထားရှိသင့်သည့် ရဲဘော်၊ ရဲဘက်စိတ် မွေးမြူးထားရှိရန်၊ မိမိလူမျိုး၊ မိမိရဲဘော်အချင်းချင်း မှန်ကန်သည့် စိတ်ထားကောင်း ထားရှိရန်၊ မိမိအထက်လူကြီးများ၏ အမိန့်နာခံမှုရှိရန် ၊ မိမိကြောင့် ပြဿနာမဖြစ်ပွားအောင် မိမိကိုယ်ကို ထိန်းသိမ်းရန်၊ တပ်သားတစ်ဦးတွင် ဖြတ်ထိုးဉာဏ်နှင့် သွက်လက်ဖြတ်လပ်မှု ရှိရန်” စသည်တို့ကို သင်ကြားပေးခဲ့ကြောင်း သင်တန်းဌာနမှူး ဗိုလ်မှူးတားပခူးက အသိပေးပြောဆိုပါတယ်။

တအန်းတပ်မတော် ထိန်းချုပ်နေတဲ့ နောင်ချိုမိုးကုတ်စတဲ့မြို့ကြီးများကို စစ်ကောင်စီက လေကြောင်းဗုံးတွေကြဲချနေလို့ အရပ်သားတွေ သေဆုံးမှုမြင့်တက်နေပါတယ်။ ဒီချိန်မှာပဲ ခုလို စစ်ဦးစီးချုပ်ရဲ့ မှာကြားချက်ထွက်ပေါ်လာတာဖြစ်ခြင်းကြောင့် တရုတ်ဖိအားတွေကြား ဗုံးဒဏ်ကြားမှာ တိုက်ပွဲတွေဆက်လက်ရင်ဆိုင်သွားဖို့ရှိကြောင်း သုံးသပ်ရပါသည်။

You may have missed