Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 30, 2026

ပဲခူး၊ ဥသျှစ်ပင်မြို့မှာ ပြည်သူ ၂၅ ဦးကို စစ်ကောင်စီတပ်က ပေါ်တာဆွဲဖမ်းဆီး

ပဲခူးတိုင်းအနောက်ခြမ်း၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့လမ်းဆုံမှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူတွေကို ဆိုင်ကယ်စစ်ဆေးမယ်လို့ အကြောင်းပြကာ နိုဝင်ဘာ ၁၁ ရက်နေ့ တရက်တည်းမှာပဲ ၂၅ ဦးထက်မနည်းကို ပေါ်တာဆွဲ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း တောင်ပိုင်းတိုင်းစစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။ဖမ်းဆီးခံခဲ့ရသူများမှာ အသက်မပြည့်သူများလည်း ပါဝင်ပြီး မိသားစုမှ ငွေဖြင့်လိုက်လံထုတ်ယူနေရကာ အများစုမှာ ယခုအချိန်ထိ ပြန်လွတ်မလာသေးကြောင်း သိရပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်ဟာ မြို့ရွာအများစုမှာ စစ်မှုထမ်းရန်အတွက် တပ်သားသစ်များ နည်းမျိုးစုံဖြင့် စုဆောင်းလျက်ရှိပြီး မလိုက်ပါလိုတဲ့ အရပ်သားပြည်သူများကို ခြိမ်းခြောက်ငွေညှစ်ခြင်းများကို လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။

You may have missed