Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
April 30, 2026

မုံရွာမြို့မှာ လူသတ်ကားဓမြတိုက်မှုကို မုံရွာ ပ.လ.ဖမှ ဖော်ထုတ်မည်

ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ မိုးကောင်းလမ်းပေါ်ရှိပစ္စည်းဟောင်းရောင်းဝယ်ရေးဆိုင်တဆိုင်မှာ လူသတ်ပြီး ကားလုယူမှုဖြစ်ခဲ့ပါတယ်။ အမျိုးသားနှစ်ဦးနင့် အမျိုးသမီးတဦးတို့ဟာ လက်နက်ကိုင်ဆောင်ပြီး ဆိုင်ပိုင်ရှင်အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ဖို့ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ဆိုင်ပိုင်ရှင်အမျိုးသမီးက ရုန်းကန်ရာမှာတော့ သေနတ်နဲ့ပစ်သတ်ပြီး ကားကိုယူဆောင်မောင်းနှင်သွားတာ ဖြစ်တယ်လို့ ဒေသခံများက ပြောကြပါတယ်။ သေဆုံးသွားသူဟာ အသက် ၃၇ နှစ်ဖြစ်ပြီး သူမကို ပြန်ပေးဆွဲပြီးငွေညှစ်ဖို့ကြိုးစားခဲ့တာဖြစ်ကြောင်း အနီးဝန်းကျင်မှာဈေးလှည့်ရောင်းနေသူတဦးက ပြောပြပါတယ်။လူဆိုးများက ကားပိုင်ရှင်ကိုသတ်ပစ်ပြီးနောက်မှာပဲ မုံရွာမြို့နယ် အရှေ့ဘက် ကံမရွာဘက်ကို ဦးတည်မောင်းထွက်သွားခဲ့တယ်လို့ သိရပါတယ်။ အခင်းဖြစ်ချိန်ဟာ စောသေးတာကြောင့် ဆိုင်အလုပ်သမားတွေလည်း မရောက်လာသေးချိန်ဖြစ်လို့ အကူအညီမဲ့ခဲ့တာလည်း ဖြစ်ပါတယ်။အဲ့လို အခင်းဖြစ်ပြီးနောက်မှာတော့ မုံရွာ ပ.လ.ဖ တော်လှန်ရေးတပ်များက ဓားပြတိုက်သူများကို လိုက်လံ ရှာဖွေခဲ့ရာမှ လုယက်သွားသည့် ကားကို ပြန်လည် သိမ်းဆည်းရရှိခဲ့ကြောင်း သိရပါတယ်။

ဓားပြတိုက်မှုဖြစ်ပွားကြောင်း သတင်းရရှိသည်နှင့် မုံရွာမြို့နယ်အတွင်းရှိ သက်ဆိုင်ရာနယ်မြေခံတလရအဖွဲ့အစည်းများက လမ်းများ ပိတ် ဆို့ပြီး မုံရွာမြို့နယ် ပလဖ(တာဝန်ခံ) ကိုအာကူး ကိုယ်တိုင်ဦးဆောင်၍ စစ်ဆေးရှာဖွေမှုများပြု လုပ်ခဲ့ကြောင်း၊ သက်ဆိုင်ရာအဖွဲ့အစည်းများ၏ သတင်းပေးပို့ချက် အရ မုံရွာမြို့နယ် အက်တောရပ်ကွက် ကန်သာဘုန်း ကြီးကျောင်း၏အရှေ့ဘက် ကွန်ကကရစ် လမ်း ပေါ်တွင် လုယူမောင်းပြေးလာသော Toyota Wish အဖြူရောင်ကား ကားကို ပြန်လည်တွေ့ရှိခဲ့ရကြောင်း သိရှိရပါတယ်။အဆိုပါကားမှာ စီယာတိုင်လော့ကျနေပြီး သော့မရှိလို့ ပိုင်ရှင်ထံ လက်ဝယ်အရောက်ပေးပို့နိုင်ခြင်းမရှိပါဘူး။ ဓားပြမှုကျူးလွန်သူများရဲ့ သတင်းအချက်အလက်ကိုရထားပြီဖြစ်လို့ မကြာခင်ဖမ်းဆီးဖော်ထုတ်သွားမယ့်အကြောင်း မုံရွာမြို့နယ် ပ.လ.ဖ မှ သတင်းထုတ်ပြန်ထားပါတယ်။ နို၀င်ဘာလကုန်ကနေ ဒီဇင်ဘာလဆန်းပိုင်းအထိ ရက်သတ္တပတ်ကျော်အတွင်း မုံရွာမြို့က လူနေထူထပ်တဲ့ ရပ်ကွက်တွေနဲ့ လူစည်ကားတဲ့ နေရာတွေမှာ ပြန်ပေးဆွဲမှု နှစ်ကြိမ် နဲ့ ဓားမြတိုက်မှု နှစ်ကြိမ် ဖြစ်ခဲ့ပြီးပါပြီ။

မုံရွာအကြမ်းဖက်ဖြစ်စဉ်တွေ စိပ်လာပေမယ့် လူဆိုးသူခိုးတွေကို ဖမ်းမိတဲ့သတင်းတွေ ထွက်လာခြင်းမရှိဘူးလို့ ဒေသခံတွေက ဆိုကြပါတယ်။ မုံရွာမြို့ပေါ် ဖြစ်ပွားနေတဲ့ ပြန်ပေးဆွဲမှု၊ ဓားမြမှုဖြစ်စဉ်တွေကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်တယ်ဆိုတာ တိတိကျကျ မသိရသလို အာဏာသိမ်း စစ်အုပ်စုကလည်း လူဆိုးသူခိုးတွေကို ဖမ်းဆီးရမိတယ်ဆိုတဲ့ သတင်းမကြားရဘူးလို့ မြို့ခံပြည်သူတွေက ပြောပါတယ်။ မုံရွာမြို့ဟာ ရပ်ကွက် ၂၆ ခုရှိပြီး လူဦးရေ နှစ်သိန်းဝန်းကျင်နေထိုင်ပါတယ်။ခိုးဆိုးလုယက်မှုတွေ ခုလိုမကြာခဏဖြစ်ပေါ်လာတာကြောင့် ဒေသခံမြောက်မြားစွာလည်း မြို့ကိုစွန့်ခွာပြောင်းရွှေ့မှုတွေ ရှိလာခဲ့သည်။ မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ် ၇၇ လမ်း၊ ၃၂ လမ်းနှင့် ၃၃ လမ်း ကြားရှိ နဂါးနန်းတော်စိန်ရွှေရတနာဆိုင်မှာလည်း ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာပဲ ဓားပြတိုက်မှု ဖြစ်ခဲ့ပါတယ်။ စိန်ရွှေရတနာဆိုင်ကို အမျိုးသားနှစ်ဦး ဆိုင်ကယ်နဲ့ရောက်လာပြီး ပါလာတဲ့ သေနတ်များနဲ့ ခြိမ်းခြောက်ကာ ရွှေ ၁ ပိဿာခန့်နှင့် ငွေကျပ်သိန်း ၃၀ ခန့်အားယူဆောင်သွားခြင်းဖြစ်ပါတယ်။မန္တလေးမှာ ဒီဇင်ဘာ ၁၈ ရက်ကလည်း မဟာအောင်မြေမြို့နယ် အကယ်ဒမီ ရွှေစင်ရွှေဆိုင် ဓားပြတိုက်ခံရပြီး ရွှေချိန် ၄ ပိဿာကျော် ပါသွားခဲ့ပါသေးတယ်။ အာဏာသိမ်း စစ်ကောင်စီလက်အောက် ဘက်စုံပျက်စီးယိုယွင်းမှုနဲ့အတူ အကြမ်းဖက်သောင်းကျန်းမှုတွေ နေရာအနှံ့အပြားဖြစ်ပေါ်လာသလို လူငယ်များအား ပေါ်တာဆွဲဖမ်းဆီးမှုတွေကြောင့် မြို့နေလူထုတွေကြား စိုးရိမ်ထိတ်လန့်မှုတွေ မြင့်တက်နေရပါတယ်။

You may have missed