Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 2, 2026

မင်္ဂလာပွဲ လာတက်တဲ့ စရဖ ဗိုလ်မှူး ဇေယျာမင်း ပစ်ခတ်ခံရပြီး ဒဏ်ရာရရှိ

ရန်ကုန်တိုင်း၊ မရမ်းကုန်းမြို့နယ်၊ APOLLO ဟိုတယ်မှာ မင်္ဂလာပွဲ တက်ရောက်ခဲ့တဲ့ စစ်ဖက်ရေးရာ လုံခြုံရေးအဖွဲ့မှ ဗိုလ်မှူး ဇေယျာမင်းပစ်ခတ်ခံရပြီး ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။မနေ့က ဒီဇင်ဘာလ ၂၂ ရက်နေ့ နေ့လည်ပိုင်းမှာ ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ် ၂ ရပ်ကွက်၊ အထက်ဗဟိုလမ်းရှိ APOLLO ဟိုတယ်မှာမင်္ဂလာ ဆောင်တက်ရောက်လာတဲ့ ဗိုလ်မှူးဇေယျာမင်းကို အပြန်လမ်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ဒဏ်ရာရရှိသွားခြင်းဖြစ်တယ်လို့သိရပါတယ်။ပစ်ခတ်မှုအတွင်း အဆိုပါ စရဖဗိုလ်မှူးမှ ကားဖြင့်မောင်းပြေးစဉ် တော်လှန်ရေးအင်အားစုတွေက လိုက်လံပစ်ခတ်ခဲ့ခြင်းဖြစ်တယ်လို့သိ၇ပါတယ်။ပစ်ခတ်ခံရတဲ့ ဗိုလ်မှူးဇေယျာမင်းဟာ ပြင်ဦးလွင်ရှိ တပ်မတော်စက်မှုလက်မှုသင်တန်းကျောင်း မှာ ဝန်ထမ်းဆောင်နေရာက ညီမဖြစ်သူ မင်္ဂလာဆောင်သို့ လာရောက်ခြင်းဖြစ်တယ်လို့သိရပါတယ်။အဆိုပါ စရဖ ဗိုလ်မှူးဇေယျာမင်းကို Yangon Phoenix နဲ့ Together Urban Force တို့က မရမ်းကုန်းမြို့ နယ်အတွင်း ရှင်းလင်းခဲ့ခြင်းဖြစ်ပြီးမြို့ပြရှိ စစ်ကောင်စီနဲ့ လက်ပါးစေများအတွက် လုံခြုံသောနေရာ မရှိစေရေး မီးငှက်ရဲဘော်များမှ ဆက်လက်ဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

You may have missed