မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် သရက်ကွပျူစောထီးရွာကို အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စစ်အုပ်စုဘက်က ၁၄ဦးသေဆုံးကာ လက်နက်ခဲယမ်းများရရှိခဲ့ကြောင်း မြိုင်ပကဖက ဒီနေ့မနက်ပိုင်းမှာ သတင်းထုတ်ပြန်လိုက်ပါတယ်။မြိုင်မြို့နယ် သရက်ကွ ပျူစောထီးရွာကို ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက် ၆နာရီအချိန်မှာ တော်လှန်ရေးအင်အားစုတွေက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုဘက်က ၎င်းတို့စခန်းမကျစေဖို့ လေကြောင်းပစ်ကူ အကြိမ်ရေများစွာပေးခဲ့တဲ့အပြင် အင်အား ၁၅၀-ပါစစ်ကူလွှတ်ပြီး ခုခံခဲ့ပေမယ့် ဒီဇင်ဘာ ၂၁ရက်မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။တိုက်ပွဲအတွင်း မြိုင်မြို့ကနေစစ်ကူပေးတဲ့ စစ်တပ်စစ်ကြောင်းနဲ့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မနက်ကနေ ၄နာရီနီးပါး ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုဘက်က ဗိုလ် ၁ဦး အပါအဝင် အနည်းဆုံး ၁၄ဦးခန့် သေဆုံးကာ ၃၀ဦးခန့် အပြင်းအထန်ထိခိုက်ပြီး ကစဉ့်ကလျားပြေးကာ မြိုင်မြို့ထဲသို့ ဆုတ်ခွာသွားရတာကြောင့် ၎င်းတို့်စစ်ကူကို ကောင်းစွာဖြတ်တောက်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် လူနေအိမ် ၁၀လုံးခန့် ပျက်စီးဆုံးရှုံးခဲ့ရပြီး’သရက်ကွပျူစောထီးရွာ သိမ်းပိုက်တိုက်ခိုက်မှုမှာ ကာကွယ်ရေးရဲဘော် ၂ ဦး အသက်ပေးလှူသွားခဲ့တယ်လို့သိရပါတယ်။ဆက်လက်ပြီး စကစစခန်းများ ၊ ပျုစခန်းကို အရှိန်အဟုန်မြှင့် တိုက်ခိုက်သိမ်းပိုက်သွားမည်ဖြစ်ပြီး အသက်မ သေလိုသူ ၊ အလင်းဝင်လိုသူ ၊ ကောင်းမွန်စွာ လုပ်ကိုင်စားသောက်လိုသူ ပျုစောထီးများ ၊ စကစများ များအနေဖြင့် အမြန်ဆုံးပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။သရက်ကွပျူရွာ တိုက်ခိုက်သိမ်းပိုက်မှုကို မြိုင် ပကဖ ၊ပေါက်ပကဖ ၊ (မြိုင် ပေါက် ကမ္မ ) ပကဖတပ်းရင်း အမှတ် ( ၁ ၊ ၂ )တပ်ရင်း ၊ ပခုက္ကူခရိုင် အမှတ် (၂ /၆/၇/၁၄/၁၅/၁၇ ) တပ်ရင်းများ ၊ အညာမြေတပ်ပေါင်းစု ၊ ကမ္မတပ်ပေါင်းစု ၊ PLC တပ်ပေါင်းစု ၊ 8+ စုဖွဲ့မှု ၊ ပခုက္ကူစုဖွဲ့မှုတပ်ရင်း ၊ဝံပုေလွ ပြောက်ကျားတပ်ဖွဲ့ ၊ ဂဠုန်ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ ၊ ဓားမင်းကြီးတပ်ဖွဲ့ ၊ ကိုအောင်ကြီးတပ်ဖွဲ့တို့က ချေမှုန်းရေး ၊ ဖြတ်တောက်ရေး ၊ ဒရုန်းစစ်ဆင်းရေး ၊ ထောက်ပို့ ၊ သတင်းထာက် ၊ မီးရှို့ စတဲ့ တာဝန်အသီးသီးခွဲဝေကာ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ