စစ်ကိုင်းတိုင်း၊ မုံရွာမြို့အဝင် မအူဂိတ်အနီးမှာ အစီး ၆၀ကျော်ပါစစ်ကောင်စီယာဉ်တန်းကို မိုင်းဆွဲ ပစ် ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၅ ဦးအရှင်ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။ဒီဇင်ဘာလ ၁၅ ရက် ညနေ ၄ နာရီ ၃၀ မိနစ်အချိန်က စစ်ကိုင်းမြို့တပ်မ ၃၃ ကနေ မုံရွာဘက် ထွက်လာတဲ့ စစ်ကောင်စီရဲ့ သံပြားကာ ကား ၆ စီး၊ ကြေးနီသယ်ကား ၆၆ စီးပါ ယာဉ်တန်းမှ သံပြားကာ ကား ၆ စီးအနက် တတိယမြောက်ကားကို ပဒေသာ မိုင်း ၅ လုံးဖြင့် ၁ ကြိမ်၊ ကြေးနီးတင်ကား ၆၆ စီးအနက် ၈ စီးမြောက်ကားကို ရှေ့ထွက်ပြောင်း ၃ လုံးဖြင့် ၁ကြိမ် တိုက်ခိုက်ခဲ့တယ်ုလိ့ သိရပါတယ်။
ကျန်ရှိကားများကိုလည်း လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦးသေဆုံးပြီး ၇ ဦးဒဏ်ရာရရှိကာ ကြောက်လန့်ပြီး ကားပေါ်မှ ဆင်းပြေးလာတဲ့ စစ်သား ၅ ဦးကိုလည်း အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army – BHA ၊ Golden Tiger Force – GTF ၊ Royal God People Defense Force – R.G PDF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ