ကရင်အမျိုးသားအစည်းအရုံး KNU ဌာနချုပ်နေရာဟောင်းဖြစ်တဲ့ မာနယ်ပလောဒေသရှိ စစ်ကောင်စီရဲ့ ဗျူဟာစခန်းအဆင့် ပွိုင့် (၉၁၃) နို့ဒေးစခန်းကို KNLA ဦးဆောင်တဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၁၆ ရက်မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၁၀ လောင်းနဲ့ တပ်ရင်းမှူးအပါ ၅ဦးအရှင်ဖမ်းမိခဲ့သလို လက်နက်ခဲယမ်းများစွာလည်း ရရှိခဲ့တယ်လို့ သိရပါတယ်။မနေ့က ဒီဇင်ဘာ ၁၇ရက်ညနေပိုင်းမှာ မာနယ်ပလောစခန်းက သုံ့ပန်းအဖြစ်ဖမ်းမိတဲ့ တပ်ရင်းမှူးအပါအဝင် ၅ ဦးကို KNLA က စစ်ဆေးနေတယ်လို့ သိရပါတယ်။မာနယ်ပလောနယ်မြေမှာ နို့ဒေးစခန်း၊ အပါအဝင် စခန်း ၆ခု တည်ရှိပြီး ပြီးခဲ့တဲ့ ၂၀၂၃ခုနှစ်မှာ KNLA က အဲ့ဒီဒေသကိုထိုးစစ်ဆင်ပြီး စခန်း၅ခုကို သိမ်းပိုက်ထားပြီးဖြစ်တာကြောင့် နောက်ဆုံးကျန်နေတဲ့ ပွိုင့် ၉၁၃ နို့ဒေးစခန်းကို သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် မာနယ်ပလောဒေသကို KNU က အလုံးစုံ ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်ပါတယ်။လက်ရှိမှာ စစ်ကောင်စီဘက်က အင်အားဖြည့်တင်းက ပြန်လည်သိမ်းပိုက်ရယူဖို့ ကြိုးစားလာမှုလည်း ရှိနေတာကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ