တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီး တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ဝင်ရောက်တိုက်ခိုက်ရာ စစ်သား ၁ ဦးသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ကြောင်း ဖယ်ဒရယ်ဒူဝံကြယ်ဒရုန်းတပ်ဖွဲ့ထံက သိရပါတယ်။ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာ၊ ဟားလီးကွေ့မှာ စခန်းချ တပ်စွဲထားတဲ့စစ်တပ်ကို ဒီဇင်ဘာလ ၁၅ ရက်နေ့၊ နံနက် ၆ နာရီခန့်မှာ တော်လှန်ရေးပူးပေါင်းတပ်က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၃၀ခန့်ပစ်ခတ်မှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ပစ်ခတ်မှုအတွင်း စစ်ကောင်စီ တပ်သား ၁ ဦး သေဆုံးကာ ၁ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ပြီး ထွက်ပြေးလွတ်မြောက်သွားကာ MA-11 သေနတ် ၁ လက်၊ ကျည်ဘောက် ၄ ခု ၊ ၅.၅၆ ကျည် ၂၆၁ တောင့်၊ စစ်သုံးဦးထုပ် ၂ လုံး၊ ပိုက်ဆံ ၉၆၅၀၀၀ ကျပ် ၊ စစ်အသုံးအဆောင် ပစ္စည်း ၁ ခု၊ စကားပြောစက် ၁ လုံး၊ လက်ကိုင်ဖုန်း ၂ လုံး၊ စစ်သုံးရေဘူး ၁ လုံး တို့ သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
အဆိုပါ စစ်တပ်ဟာ ခရီးသွား ပြည်သူများထံက အဓမ္မ ငွေကြေးကောက်ခံ နေတဲ့စစ်တပ်ဖြစ်တာကြောင့် ဒူရက စစ်ကြောင်းရဲ့ ဦးဆောင်မှုနဲ့ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နှင့် ဖယ်ဒရယ်ဒူဝံကြယ်ဒရုန်းတပ်ဖွဲ့ တို့က ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။လက်ရှိချိန်တွင် တော်လှန်ရေးနှင့် စစ်ရေးအရှိန် မြင့်လာသမျှ ပြည်သူ့ဘက်၊ အမှန်တရားဘက် ရပ်တည်လိုတဲ့ စစ်ကောင်စီတပ်မှ စစ်သားများ ၊ ရဲတပ်ဖွဲ့ဝင်များအနေဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံပြီး အမြန်ဆုံး ပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ