Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
April 29, 2026

ကျောက်ဂူတိုက်ပွဲမှာ စစ်ကောင်စီ ၅၀ဦးသေဆုံး၊ တောင်ခမ်းတိုက်ပွဲမှာ ရန်သူသုံ့ပန်း ၂၀ ဖမ်းမိထား

စစ်ကောင်စီတပ်များကို တအန်းအမျိုးသားလွတ်မြောက်ရေးတပ် TNLA နှင့် ဓနု PDF တပ်ဖွဲ့တွေပူးပေါင်းတိုက်ခိုက်နေကြပါတယ်။ မနေ့က ဒီဇင်ဘာ ၉ ရက်နေ့ တောင်ခမ်းရွာအနီးတိုက်ပွဲမှာတော့ ရန်သူ စစ်သုံ့ပန်း ၂၀ ခန့်ကိုဖမ်းမိထားတယ်လို့ TNLA မှပြောခွင့်ရ လွေးယေဦး က ပြောပါတယ်။ တောင်ခမ်းရွာအနီးက စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း အမတ -၃၅၄နဲ့ အမတ-၉၀၂ တပ်အနီး တိုက်ပွဲပြင်းထန်ခဲ့တာပါ။ တိုက်ပွဲများမှာ ရန်သူ့အလောင်းများနဲ့ လက်နက်များလည်း သိမ်းနိုင်ခဲ့ကာ ကနဦးမှာတော့ နှစ်ဦးကို အရှင်ရမိခဲ့ပါတယ်။ အခြားဆက်စပ်တိုက်ပွဲများမှာလည်း နောက်ထပ်ရန်သူ ၁၈ ဦးကို ထပ်မံအရှင်ဖမ်းနိုင်ခဲ့ကြောင်း လွေးယေဦးက ပြောပါတယ်။ ကျောက်ဂူကနေမှ တောင်ခမ်းကိုစစ်ကူလာတဲ့ ရန်သူတပ်များနဲ့ နေ့စဉ်လိုလို တိုက်ပွဲဖြစ်နေကြောင်း၊ ကျောက်ဂူရွာမှာရှိတဲ့ စစ်ကောင်စီရဲ့ အမြောက်တပ်ရင်း ၃၄၉၊ နောင်ဝိုးရွာက ခလရ-၂၉၂ နဲ့ ရပ်စောက်ကနေ တောင်ခမ်းကို စစ်ကူသွားတဲ့ စစ်ကောင်စီတပ်တွေကို နေ့စဉ်ကြားဖြတ် တိုက်ခိုက်နေရကြောင်း ဓနု -PDF မှ ကိုမောင်က ပြောပြပါတယ်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်က ဒရုန်းတွေကို တန်ပြန်သုံးစွဲနေကြပြီး အဆိပ်ငွေ့လို့ယူဆရတဲ့ ဗုံးတွေကိုလည်း သုံးနေကြောင်း DPLA ကဆိုထားပါတယ်။ နောက်ထပ်အနေနဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရဲ့ထုတ်ပြန်ချက်တွေအရ ကျောက်ဂူဒေသတိုက်ပွဲမှာ ၁၀ ရက်အတွင်း စစ်ကောင်စီတပ်သား ၅၀ ကျော်သေဆုံးသွားပြီလို့ သိရပါတယ်။ နိုဝင်္ဘာ ၃၀ မှ ဒီဇင်ဘာ ၉ ရက်နေ့အတွင်း အောင်ပွဲရလာဒ်ဖြစ်ပြီး လက်နက်ခဲယမ်းတွေလည်း သိမ်းနိုင်ခဲ့ကြောင်း ဆိုထားပါတယ်။ DPLA နဲ့ပူးပေါင်းတပ်များဘက်ကတော့ ရဲဘော်တဦး ကျဆုံးသွားကြောင်း ဆိုပါတယ်။ နောင်ချိုတိုက်ပွဲတွေအတွင်း MDY PDF လည်း ပူးပေါင်းပါဝင်တိုက်ခိုက်နေကြတာပါ။ ပြီးခဲ့တဲ့ နိုဝင်ဘာ လလယ်မှာ တောင်ခမ်းမစခ (၉၀၂) နဲ့ အမတ (၃၅၄) တိုက်ပွဲအတွင်း အမှတ် (၁၁) ခြေမြန်တပ်မဌာနချုပ် (တပ်မ ၁၁) ရဲ့ လက်အောက်ခံတပ် ခြေမြန်တပ်ရင်း ခမရ (၂၁၃) မှ တပ်ရင်းမှူး ဗိုလ်မှူး၊ ဗိုလ်ကြီးအဆင့်ရှိသူနဲ့ တပ်သားတွေသေဆုံးခဲ့ကြောင်း TNLA က ထုတ်ပြန်ထားချက်များကို တွေ့ရသည်။

You may have missed