Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 14, 2026

ဒေါက်တာဆာဆာနဲ့ မယ်ရီလန်းပြည်နယ်က မြန်မာပြည်သူတွေနဲ့တွေ့ဆုံပွဲကျင်းပ၊မြန်မာ့အရေးအတွက် အမေရီကန် အစိုးရတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးရေးရောက်ရှိနေခြင်းဖြစ်ကာ လွှတ်တော်အမတ် ၅ဦးနဲ့ တွေ့ဆုံဆွေးနွေးပြီးဖြစ်

အမေရီကန်နိုင်ငံ မယ်ရီလန်းမြို့မှာ မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာနဲ့ မယ်ရီလန်းပြည်နယ်က မြန်မာမိသားစုများတွေ့ဆုံပွဲကို ဒေသစံတော်ချိန် ဒီဇင်ဘာ ၈ရက်နေ့မှာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ဝန်ကြီးဒေါက်တာဆာဆာက မြန်မာ့အရေး ရှေ့ဆက်မဟာဗျူဟာအတွက် အမေရိကန် အစိုးရတာဝန်ရှိသူတွေ၊ လွှတ်တော်တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့နဲ့ မြန်မာပြည်သူတွေကိုတွေ့ဆုံရှင်းလင်းညီညွတ်ရေးအတွက် တိုက်တွန်းဖို့ အမေရီကန်ကိုရောက်ရှိနေတာလို့ တွေ့ဆုံပွဲမှာပြောပါတယ်။အမေရိကန်အစိုးရနဲ့ ကောင်းကောင်းစကားပြောဖို့ နံပါတ် ၁အနေနဲ့လိုအပ်နေပြီဖြစ်ကြောင်း၊ အမေရိကန်အစိုးရနဲ့ တံခါးရှိသမျှကို ခေါက်ဖို့လိုကြောင်း ၊ မဟာဗျူဟာနဲ့ပတ်သက်ပြီးဆွေးနွေးဖို့ လိုကြောင်း၊ နံပါတ် ၂ အနေဖြင့် လွှတ်တော်နဲ့ ဆွေးနွေးသွားမှာဖြစ်ကြောင်း ဒေါက်တာဆာဆာကပြောပါတယ်။

အမေရီကန် လွှတ်တော်အမတ် ၅ဦးနဲ့ တွေ့ဆုံပြီး မြန်မာ့အရေးကို အကြိတ်အနယ်ဆွေးနွေးပြီးဖြစ်သလို ဆွေးနွေးမှုတွေကိုတော့ ပြောပြလို့မရကြောင်း ဒေါက်တာဆာဆာက ဆက်ပြောပါတယ်။”အထူးသဖြင့် Burma Act အကောင်အထည်ဖော်ဖို့က လွှတ်တော်က အရမ်းလိုလာတယ်။ ဒါကြောင့်မို့ ကျနော် လွှတ်တော်ကို သွားတွေ့ခဲ့ပြီ။ ဒီနေ့အထိတော့ ဆီနိတ်တာ ၅ ယောက်နဲ့ တွေ့ပြီးပြီ။ အကြိတ်အနယ်ဆွေးနွေးကြတယ်၊ ကျနော်လည်း အားရတယ်၊ သူတို့လည်း အားရတယ်။ ဒါပေမဲ့ ခင်ဗျားတို့ ဘာတွေဆွေးနွေးလဲ မမေးနဲ့ ပြောလို့လည်း မရဘူး။”လို့ ဆိုပါတယ်။အဆိုပါတွေ့ဆုံပွဲကို NUG အစိုးရ၊ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ စီမံကိန်းဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးနဲ့ နိုင်ငံခြားရေး ဒုတိယဝန်ကြီး ဦးမိုးဇော်ဦးတို့လည်းတက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

တွေ့ဆုံပွဲအတွက် Women for Myanmar အဖွဲ့ က စားသောက်ဖွယ်ရာများ စီစဉ် ပြီး တိုင်းရင်းသား ရိုးရာအကများနဲ့ ကြိုဆိုဖျော်ဖြေခဲ့ကြသလို ဒေါက်တာဆာဆာကလည်း တေးသီချင်းများ သီဆိုဖျော်ဖြေပေးခဲ့တယ်လို့ သိရပါတယ်။တွေ့ဆုံပွဲမှာ မြန်မာပြည်တွင်းရှိ ပြည်သူများအတွက် ရန်ပုံငွေအဖြစ် ဒေါက်တာဆာဆာတီးခတ်ခဲ့တဲ့ ဂစ်တာတစ်လုံးကို ရောင်းချပေးခဲ့တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းပိုင်းကစပြီး အမေရိကန်ပြည်ထောင်စု ပြည်နယ်အသီးသီးက မြန်မာတိုင်းရင်းသားတွေနဲ့ NUG အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဒေါက်တာဆာဆာတို့ တွေ့ဆုံပွဲတွေ ဆက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။

You may have missed