Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
April 30, 2026

MNDAA ရဲ့ အပစ်အခတ်ရပ်စဲရေးကြေညာချက်ကို တရုတ်ဘက်က ကြိုဆိုတယ်လို့ တရုတ် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြောရေးဆိုခွင့်ရှိသူ လင်ကျင်းက ဒီဇင် ဘာလ ၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

ဖြစ်နိုင်သမျှ တိုက်ပွဲတွေ ရပ်တန့်ကြဖို့၊ ငြိမ်းချမ်းသောနည်းလမ်းကတစ်ဆင့် သဘောထားကွဲလွဲမှု တွေကို ဖြေရှင်းကြဖို့ တင်းမာမှုအရှိန်မြှင့်တာ ရှောင်ကြဉ်ကြဖို့ မြန်မာနိုင်ငံမှ သက်ဆိုင်ရာအဖွဲ့အစည်း တွေကို တိုက်တွန်းတယ်လို့ ၎င်းက ပြောပါတယ်။ကိုးကန့်တပ်ဖွဲ့ (MNDAA) က အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ ကြားဝင်ဖျန်ဖြေမှုနဲ့အတူ မြန်မာစစ်တပ်နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးလိုတဲ့ဆန္ဒရှိတယ်လို့ လင်ကျင်းက ပြောပါတယ်။လင်ကျင်းက MNDAA ရဲ့ အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ကို အပြုသဘောဆောင်တဲ့ မှတ်ချက်ပြုခဲ့ပြီး တည်ငြိမ်မှုကိုဉီးစားပေးဖို့ အဖွဲ့အစည်းအားလုံးအတွက် လိုအပ်တယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံဟာ လားရှိုးမြို့ကို သိမ်းပိုက်ထားတဲ့ MNDAA နဲ့ တအာင်းတပ် TNLA အပေါ် ဖိအားပေးခြိမ်းခြောက်မှုတွေ ပြုလုပ်ခဲ့ပြီးနောက် ညီနောင် ၂ဖွဲ့က ဆွေးနွေးကြဖို့ အသီးသီးထုတ်ပြန်ခဲ့တာဖြစ်ပါတယ်.“တရုတ်နယ်စပ်ဒေသတွေ၊ နယ်စပ်ဒေသတွေမှာနေထိုင်တဲ့ တရုတ်ပြည်သူတွေ၊ မြန်မာနိုင်ငံရှိ တရုတ်စီမံကိန်းတွေ၊ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်တွေကို မထိခိုက်စေသင့်ပါဘူး” လို့ လင်ကျင်းက ဆိုပါတယ်။MNDAA အနေနဲ့နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးဖို့ ထုတ်ပြန်တာဟာ လားရှိုးမြို့ကို ပြန်ပေးရဖို့တော့ မဖြစ်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ကြပြီး မိမိကိုယ်ကိုယ်ခုခံကာကွယ်ခွင့်ကိုတော့ ကိုင်စွဲသွားမယ်လို့ ညီနောင် ၂ဖွဲ့စလုံးက ထုတ်ပြန်စာမှာ ဖော်ပြထားပါတယ်။မြန်မာနိုင်ငံမြောက်ပိုင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပေါ် ထောက်ခံကြောင်း တရုတ်နိုင်ငံရဲ့ ကတိ ကဝတ်ကို လင်ကျင်းက ထပ်လောင်းပြောကြားခဲ့ပြီး ဆွေးနွေးမှု အဆင်ပြေစေရေး ဆက်လက်ကြိုးပမ်းဖို့ ကတိပြုခဲ့ပါတယ်။

You may have missed