စစ်ကာင်စီအာဏာသိမ်းပြီးနောက်ပိုင်း အစောပိုင်း အမိန့်ဖီဆန် စီဒီအမ်ဝင်ခဲ့ကြသူတွေထဲမှာ ဗိုလ်မှူးဟိန်းသော်ဦးဟာ လူသိများပြီး ခုတော့ သူပျောက်ဆုံးနေခဲ့တာ သုံးနှစ်ခန့်ရှိသွားပါပြီ။ ထိုစဉ်က မီဒီယာများပေါ် အတွေ့ရများတဲ့ ဗိုလ်မှူးဟိန်းသော်ဦးမှာ ညီဖြစ်သူ စစ်ဗိုလ်ဘုန်းပြည့်လည်း စီဒီအမ်လုပ်ရာပါဝင်ခဲ့ပါတယ်။ ဗိုလ်မှူးနှင့်အတူ ညီအကိုနှစ်ဦးဟာ KNU နယ်မြေမှာခိုလှုံရင်း စစ်ကောင်စီကိုတော်လှန်မယ့် လူငယ်တွေကိုလည်း စစ်သင်တန်းပြသနေတာကို လူမှုကွန်ရက်ပေါ်မှာ မကြာခဏတွေ့မြင်ခဲ့ရပါတယ်။
မိခင်ဖြစ်သူလည်း သားတွေနဲ့အတူ ကူညီရင်း တော်လှန်မိသားစုဘဝကို ကျေနပ်ခဲ့ရဖူးပေမယ့် ခုတော့ သတင်းအစအနပျောက်သွားတဲ့ သားဖြစ်သူကိုပူပန်ပြီး ဝမ်းနည်းရတယ်လို့ မိခင်ဖြစ်သူ ဒေါ်ဝင်းဝင်းက မြေလတ်အသံသတင်းဌာနကို ပြောပါတယ်။ ၂၀၂၁ ခုနှစ် ဩဂုတ် ၂၆ ရက် မနက်ပိုင်းမှာ ဗိုလ်မှူးဟိန်းသော်ဦးဟာ အလုပ်ကိစ္စနဲ့ ခရီးထွက်သွားခဲ့ပြီး အဲ့ဒီနေ့ကစလို့ အားလုံးနဲ့ အဆက်အသွယ်ပြတ်တောက်သွားခဲ့တာ ဒီနေ့ထိတိုင်ဖြစ်ပါတယ်။
ထင်ရှားတဲ့ စီဒီအမ်အရာရှိတဦးအနေနဲ့ ဗိုလ်မှူးဟိန်းသော်ဦးရဲ့ မရေရာတဲ့သတင်းတွေကတော့ လူမှုကွန်ရက်တွေပေါ်မှာ အမျိုးမျိုးထွက်ရှိနေခဲ့ပါတယ်။ ပျောက်သွားတဲ့ သားဖြစ်သူရဲ့သတင်းနဲ့ပက်သက်ပြီး ဘယ်သက်ဆိုင်ရာအဖွဲ့အစည်းမှ ရေရေရာရာ မပြောနိုင်ဘူးလို့ မိခင်ဒေါ်ဝင်းဝင်းက ဆိုပါတယ်။ ခုဆိုရင် ဗိုလ်မှူးဟိန်းသော်ဦးပျောက်ဆုံးသွားတာ ၃ နှစ်နီးပါးကြာသွားခဲ့ပါပြီ။မိခင်ဒေါ်ဝင်းဝင်းနဲ့ သားအငယ် CDM ဗိုလ်ကြီး ဘုန်းပြည့်တို့ဟာလည်း တဖက်နိုင်ငံတွင်း ရောက်ရှိလာခိုလှုံနေပြီး သူ့သားသတင်းကို သဲသဲကွဲကွဲသိနိုင်ဖို့ သတင်းစာမျက်နှာပေါ် ထုတ်ဖော်ပြောဆိုလိုက်တာလည်း ဖြစ်ပါသည်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ