Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 1, 2026

လက်ကျန်နယ်စပ်မြို့ ကန်ပိုက်တည်မြို့ကို ကေအိုင်အေက သိမ်းပိုက်ဖို့ကြိုးစားနေပါပြီ

စစ်ကောင်စီလက်အောက်ခံ ဇခုန်တိမ့်ယိန်းဦးဆောင်တဲ့ အထူးဒေသ ၁ နယ်မြေ ကန်ပိုက်တည်ကို ကချင်လွတ်မြောက်ရေးတပ်တွေ ဒီနေ့ ချဉ်းကပ်သိမ်းပိုက်ဖို့လုပ်လာပါပြီ။ မြန်မာ – တရုတ်နယ်စပ် ကုန်သွယ်မြို့ဖြစ်တဲ့ ကန်ပိုင်တည်မြို့ထဲကို ကချင်လွတ်လပ်ရေးတပ်မတော် KIA တပ်ဝင်လာတော့မယ်လို့ သတင်းထွက်နေကြောင့် ဒီမနက်ပိုင်းကစပြီး စစ်တပ်ဘက်က လက်နက်ကြီး၊လက်နက်ငယ်နဲ့ အဆက်မပြတ်ပစ်နေတယ်လို့ ဒေသခံတွေကပြောပါတယ်။ စစ်တပ်ဘက်က ခုလို မြို့တွင်း လက်နက်ကြီး၊လက်နက်ငယ် ပစ်ခတ်လာတာဟာ ကန်ပိုင်တည်မြို့ မရောက်မှီ ဝေမောကျေးရွာမှာ KIA ဘက်က နိုင်ဝင်ဘာလ ၁၉ ရက်နေ့စပြီး စစ်အင်အားဖြည့်တင်းလိုက်လို့ ဖြစ်ပါတယ်။ တစ်ဖက်မှာ မြို့ထဲကိုလည်း ဝင်လာတော့မယ်ဆိုတဲ့သတင်းတွေကြောင့် မနက်ပိုင်းမှာ လက်နက်ကြီးများ ပစ်ခတ်နေခဲ့ကြတာဖြစ်ပါတယ်။

ဒီသတင်းတွေက မနက် ၁၀ နာရီခန့်ကဖြစ်ပြီး မွန်းလွဲ ၂ နာရီခန့်မှာတော့ KIA က ကန်ပိုက်တည်ကို ချဉ်းနင်းတိုက်ခိုက်လိုက်ပါတယ်။ စစ်ကောင်စီတပ်လက်ကျန်တွေဟာ ကန်ပိုက်တည်မြို့ထဲရှိ ဟိုတယ်များမှာတပ်စွဲပြီး KIA နဲ့ပူးပေါင်းတပ်တွေကို ခုခံဖို့ကြိုးစားနေတာ ဖြစ်ပါတယ်။ တရုတ်ဘက်ကတော့ စစ်ကောင်စီမိသားစုဝင်တွေ ပြည်သူ့စစ်မိသားစုဝင်တွေ ထွက်ပြေးနိုင်ဖို့ နယ်စပ်ပေါက်တွေ ဖွင့်ထားပေးတယ်လို့လည်း သတင်းများက ဆိုပါတယ်။ ရှမ်းမြောက်မှာ လားရှိုးကို ပြန်အပ်ဖို့ တရုတ်ကကြိုးစားနေတာ အရာမထင်သေးပါဘူး။ ကေအိုင်အေကလည်း လက်ကျန်ကန်ပိုက်တည်ကို ဒီတိုင်းမထားဘဲ အကုန်သိမ်းဖို့ ကြိုးစားနေတာပါ။ ကချင်ပြည်နယ်က ဒီနယ်စပ်မြို့ကိုလည်း မသိမ်းဖို့ ကေအိုင်အေကို ဖိအားပေးခဲ့ပါသေးတယ်။ ကေအိုင်အေကတော့ စစ်ရေးအရ အချိန်အခါအရ တိုက်ပွဲတွေကျယ်ပြန့်သွားတတ်တဲ့သဘောမျိုးရှိတယ်လို့ ဗိုလ်ချုပ်ဂွမ်မော်က သတင်းထုတ်ပြန်ထားပါတယ်။

ကချင်အထူးဒေသ ၁ မှာ ကန်ပိုက်တည်နယ်စပ်မြို့ဟာ ကေအိုင်အေက သိမ်းပိုက်ဖို့ကျန်တဲ့ နောက်ဆုံးမြို့ဖြစ်ပြီး မကြာခင်အောင်ပွဲဆင် သိမ်းပိုက်နိုင်ဖို့ KIA နဲ့ပူးပေါင်းတပ်တွေ ကြိုးစားနေကြတာဖြစ်ပါသည်။

You may have missed