Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
May 1, 2026

ဖုန်တာရွှင်သတင်းနှင့်အတူ လားရှိုးကနေ တပ်ဆုတ်ကြောင်း သတင်းတွေမဟုတ်မှန်ဘူးလို့ ဒေသခံတွေပြောပါတယ်

ကိုးကန့်ခေါင်းဆောင်ဟာ တရုတ်အာဏာပိုင်တွေရဲ့ အကျယ်ချုပ်ထားခြင်းခံရကြောင်း ဒီသတင်းတွေကို တရုတ်ဘက်က ငြင်းဆိုလိုက်ပေမယ့် လားရှိုးကနေ ကိုးကန့်တပ်တွေ ဆုတ်နေပြီဆိုတဲ့သတင်းတွေကတော့ လူမှုကွန်ရက်ပေါ်ပြန့်နှံ့လာပါတယ်။ ဖိအားပေးခံနေရပေမယ့်လည်း လားရှိုးမြို့ကနေ ကိုးကန့်တပ်ပြန်ဆုတ်တဲ့သတင်းတွေဟာ မမှန်ကြောင်း၊ MNDAA ရဲ့ အုပ်ချုပ်ရေးယန္တရားလည်း ပုံမှန်လည်ပတ်နေကြောင်း နီးစပ်သူတွေထံမှ သိရပါတယ်။ စစ်ကောင်စီကတော့ လားရှိုးနဲ့မိုင်လေးဆယ်ကျော်အကွာမှာရှိတဲ့ မိုင်းရယ်မြို့မှာ အခြေချပြီး လားရှိုးကိုထိုးစစ်ဆင်ဖို့ အကြံရှိတာကြောင့် စစ်ရေးကတော့ တင်းမာနေတဲ့အခြေအနေဖြစ်ပါတယ်။ လားရှိုးမြို့မှာ MNDAA တပ်တွေ ပုံမှန်အတိုင်း စိုးမိုးထားသလို စစ်ကောင်စီကလည်း လားရှိုးကိုဝင်ရောက်နိုင်တဲ့ လမ်းကြောင်းတွေကို ကုန်ပစ္စည်းသယ်ယူခွင့် ကန့်သတ်ထားပါတယ်။ လားရှိုးကို စစ်ကောင်စီလက်ထဲ ပြန်အပ်ဖို့ တရုတ်ကအလိုရှိကြောင်း သတင်းတွေနှင့်အတူ ဖုန်တာရွှင်ကိုလည်းဖမ်းထားကြောင်း သတင်းတွေကိုတော့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနဟာ မနေ့က ငြင်းဆိုခဲ့ပါတယ်။ ကိုးကန့်တပ်တွေ ထိန်းချုပ်ထားတဲ့ နယ်စပ်ဂိတ်တွေကို တရုတ်က ပိတ်လိုက်ခြင်းနည်းနဲ့ တော်လှန်တပ်တွေကို ဖိအားပေးတာတော့ ပေါ်လွင်ခဲ့ပါတယ်။ တရုတ်အရေးလေ့လာသူ ဒေါက်တာလှကျော်ဇောက” ဖုန်တာရွှင်ကို တရုတ်က ဖမ်းစရာအကြောင်းမရှိကြောင်း “ သုံးသပ်ထားပါတယ်။ ခုရက်ပိုင်းအတွင်းမှာပဲ MNDAA နှင့် လားရှိုးမြို့သတင်းတွေ မျိုးစုံထွက်ပေါ်နေပေမယ့် လားရှိုးကိုသိမ်းထားတဲ့ ကိုးကန့်တပ်ဟာ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေတာသာ တွေ့ရတဲ့အကြောင်း မြေပြင်သတင်းများကဆိုပါတယ်။ လားရှိုးကို ပြန်မတိုက်နိုင်တဲ့ စစ်ကောင်စီဟာ တရုတ်အကူအညီနဲ့လားရှိုးကိုပြန်ရဖို့ မျှော်လင့်နေပြီး MNDAA ကတော့ လားရှိုးကိုစိုးမိုးထားဆဲဖြစ်ကြောင်း သိရပါသည်။

You may have missed