Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
April 24, 2026

မြေပြန့်မဟာဗျူဟာထိုးစစ် အတွက် တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းနိုင်ဖို့ အမြဲတမ်းလမ်းဖွင့်ထားကြောင်း NUG ပြော၊မင်းအောင်လှိုင် ထိုင်းရောက်မြန်မာတွေရဲ့ အချက်အလက်တောင်းခံတာ သွေးရိုးသားရိုးမဟုတ်ဘူးလို့ဆို

စစ်အာဏာရှင်စနစ်ကိုချေမှုန်းတိုက်ခိုက်မယ့် မြေပြန့်မဟာဗျူဟာထိုးစစ် ထိရောက်နိုင်ရေး တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းနိုင်ဖို့အတွက် အမြဲတမ်းလမ်းဖွင့်ထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG က ဖိတ်ခေါ်တယ်လို့ ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောပါတယ်။ဒီနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့မှာ ပြုလုပ်တဲ့ ပြည်သူလူထုနှင့်နိုင်ငံတကာသို့ သတင်းစကားပြောကြား ခြင်း (Press Briefing) အစီအစဉ်”မှာ ပြောကြားခဲ့တာပါ။“တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေနဲ့ ပူးပေါင်းတည်ဆောက်ထားတဲ့ ကာကွယ်ရေး ဝန်ကြီး ဌာနရဲ့ Chain of Command အောက်မှာ တပ်ရင်းတွေအဖြစ်နဲ့ ဖွဲ့စည်းဆောင်ရွက်နေတဲ့ တပ်ဖွဲ့တွေရှိ သလို ကာကွယ်ရေးဝန်ကြီး ဌာနရဲ့စစ်ရေးအရပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ သဘောတူညီမှုနဲ့အတူ လက်တွဲ နေကြတဲ့တပ်ဖွဲ့ တွေလည်းရှိပါတယ်။ COC အောက်မှာမရှိ၊ ပူးပေါင်းဆောင်ရွက်မှု သဘော တူညီမှု ရှိမထားတဲ့ ကျန်နေသေးသော တပ်ဖွဲ့တွေနဲ့လည်း တူညီသောတော်လှန်ရေးရည်မှန်းချက် အတွက် ပူးပေါင်းဆောင်ရွက်နိုင်ဖို့ အမြဲတမ်းလမ်းဖွင့်ထားကြောင်း ပြောလိုပါတယ်။ စတင်နေပြီ ဖြစ်တဲ့ မြေပြန့်မဟာဗျူဟာထိုးစစ်မှာ ထိရောက်တဲ့အားတစ်ခုဖြစ်နိုင်ဖို့ စနစ်ကျတဲ့ စုဖွဲ့မှု ပုံစံမျိုးနဲ့ ပူးပေါင်းနိုင်ကြဖို့အရေးကြီးပါတယ်။” လို့ ဦးနေဘုန်းလတ်က ပြောပါတယ်။

အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က တရုတ်နိုင်ငံမှာ ထိုင်း ဝန်ကြီးချုပ်နဲ့တွေ့ဆုံရာမှာ ထိုင်းရောက်မြန်မာနိုင်ငံသားတွေရဲ့အချက် အလက်တွေကို တောင်းခံ ခဲ့တယ်လို့ ကြားသိရပြီး အခုလိုတောင်းခံမှုဟာ သွေးရိုးသားရိုးမဟုတ်ဘဲ အကြမ်းဖက်စစ်အုပ်စုလက်ထဲပြန်လည် လွှဲပြောင်းခံရတဲ့ ခိုလှုံသူတွေဟာ ထောင်သွင်းအကျဉ်းချခံရတာ၊ အဓမ္မစစ်သား စုဆောင်းခံရပြီး ရှေ့တန်းစစ်မျက်နှာတွေမှာလူသားဒိုင်းအဖြစ်စေခိုင်းခြင်းခံရတာတွေရှိနေတာကြောင့် အိမ်နီးချင်းနိုင်ငံ တွေ အနေနဲ့လူသားချင်းစာနာထောက်ထားရေးရှုထောင့်ကနေစဉ်းစားပြီး စစ်အုပ်စု လက်ကို ပြန်အပ် တာမျိုးတွေ မပြုလုပ်ဘဲ တတ်နိုင်သမျှ ကူညီဖေးမပေးကြဖို့ မေတ္တာရပ်ခံတယ်လို့ ဦးနေဘုန်းလတ်က ဆိုပါတယ်။”အိမ်နီးချင်းနိုင်ငံ တွေ မှာ သွားရောက်ခိုလှုံနေထိုင်ကြတဲ့ မြန်မာ နိုင်ငံသူနိုင်ငံသားတွေအနေနဲ့လည်း အိမ်ရှင်နိုင်ငံရဲ့ စည်း မျဉ်းစည်း ကမ်းတွေကို လိုက်နာခြင်းအားဖြင့် အပြန်အလှန်နားလည်ယုံကြည်မှုကို တည် ဆောက် ကြဖို့လည်း အလေးအနက်ထား တိုက်တွန်းလိုက်ပါတယ်။” ဟု ဦးနေဘုန်းလတ်က ပြောဆိုသွားပါတယ်။

NUG အနေနဲ့ ဖက်ဒရယ်ဒီမိုကရေစီပဋိဥာဉ် ပါ စစ်အာဏာရှင်စနစ်အပါအဝင် အာဏာရှင်စနစ်မှန်သမျှပပျောက်ရေး ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ အပြီးသတ်ဖျက်သိမ်းရေး ၊ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး ၊ အရပ်သား ပြည်သူ့အစိုးရပေါ်ထွန်းရေးစသည့် ရည်ရွယ်ချက်များ အလုံးစုံပြီးမြောက်စေရန်အတွက် တိုင်းရင်း သားတော်လှန်ရေးအင်အားစုများနှင့်အတူလက်တွေ့ကျကျပူးပေါင်း ဆောင်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။

“တရုတ်နိုင်ငံမှာ ပြုလုပ်နေတဲ့ ၈ ကြိမ်မြောက်မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးပွဲမှာ ပြည် သူ့အာဏာကို မတရားနည်းနဲ့လုယူဖို့ ကြိုးစားနေတဲ့အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဟာ မြန်မာနိုင်ငံမှာ လာရောက် ရင်းနီးမြှုပ်နှံကြဖို့ တရုတ်စီးပွားရေး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်ခဲ့ တာတွေ့ရပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ရင်းနီးမြှုပ်နှံမှုတွေနဲ့ ပတ်သက်လို့ အမျိုးသားညီညွတ် ရေးအစိုးရ၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဌာနက ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၂၁ ရက်နေ့ မှာ တာဝန်ယူရှိသောလုပ်ငန်းများအတွက် လမ်းညွှန်ချက်ကို ကြေညာချက်အမှတ် ၆/၂၀၂၁ အဖြစ် ထုတ် ပြန်ခဲ့ရာမှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ အဖွဲ့အစည်းတစ်ခုခုကခွင့်ပြုတဲ့ မည် သည့်ရင်းနှီးမြှုပ်နှံမှု အသစ်ကိုမဆို အမျိုးသားညီ ညွတ် ရေး အစိုးရ အနေနဲ့ အသိအမှတ်ပြု လက်ခံမှာ မဟုတ်ကြောင်း အတိအလင်းဖော်ပြခဲ့ပြီးဖြစ်တယ် ဆိုတာကို ထပ်မံသတိပေးလိုပါတယ်။” လို့ ပြည် ထောင် စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောကြားခဲ့ပါတယ်။စစ်ရှုံးနေတဲ့ စစ်ခေါင်းဆောင်ဟာ တရုတ်အပါအဝင် အိမ်နီးချင်းနိုင်ငံတွေနဲ့ ပူးပေါင်းကာ အားကိုးအားထားပြုနေပေမယ့်လဲ မြန်မာနိုင်ငံတဝှမ်းလုံးမှာတော့ ထိုးစစ်တွေ မြို့သိမ်း၊ စခန်းသိမ်းတိုက်ပွဲတွေကတော့ ပိုလို့တိုးပွားနေပြီး စစ်နယ်ကျယ်ပြန့်လာလျက်ရှိရာ လက်ရှိမှာ မြို့ပေါင်း ၉၀နီးပါးကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။

You may have missed