Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
June 24, 2026

PDF စိုးမိုးနယ်မြေထဲဝင်လာတဲ့ ဆင်မင်းဂိတ်က စစ်ကောင်စီတပ်သား ၁ဦးကို လက်နက်နဲ့တကွ ဖမ်းမိ

မကွေးတိုင်း ၊ ပခုက္ကူမြို့နယ် ၊ ဆင်မင်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ စစ်ဆေးရေးဂိတ်မှ တပ်သား တစ်ဦးကို နိုဝင်ဘာ ၁၁ရက်က လက်နက်နဲ့အတူ ဖမ်းဆီးရမိခဲ့တယ်လို့ Young Fore- UG အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။အဆိုပါဖမ်းဆီးရမိခဲ့တဲ့ စစ်ကောင်စီတပ်သားမှာ ၎င်းတို့ တပ်စွဲထားတဲ့ ဆင်မင်းဂိတ်ကနေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ မဟာမိတ်တပ်များစိုးမိုးထားတဲ့ နယ်မြေထဲကို လမ်းမှားဝင်ရောက်လာခဲ့ရာ ကင်းပုန်းဝပ်စောင့်နေတဲ့ တော်လှန်ရေးရဲဘော်တွေက အလစ်အငိုက်ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။အဆိုပါ ဖမ်းဆီးရမိတဲ့ စစ်ကောင်စီတပ်သားနဲ့အတူ ကာဘိုင် သေနတ် ၁လက်၊ ကျည်ဘောက် ၃ခု ၊ ကာ ဘိုင် ကျ-ည် ၄၅ တောင့် ၊ ကျည်ကာဝတ်စုံ ၁ ထည် ၊ ဦးထုပ် ၁လုံး နဲ့ ဖုန်း ၁လုံး သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။အဆိုပါ လှုပ်ရှားမှုကို Pakokku People Defense Force ( PPDF ) နဲ့ အတူ Young Force U.G တပ်ဖွဲ့ မှ တော်လှန်ရေးရဲဘော်များက လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ပြီးခဲ့တဲ့ ၁၀ ရက်နေ့မှာလည်း ဂွေးချို ပြည်သူ့စစ်ရွာကို ဒရော့ဗုံးများဖြင့် တိုက်ခိုက်ခဲ့ပြီး ပန်းတိုင်းခြုံ စစ်ဆေးရေးဂိတ်ကိုလဲ ၄၀ မမ နှစ်လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ အခုရက်ပိုင်းအတွင်း မြို့ပေါ်မှ ပျူစောထီး အဖွဲ့ဝင်များကိုလဲ တိတ်တဆိတ်ဖမ်းဆီးကာ အပစ်ပေးအရေးယူမှုများ ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

You may have missed