စစ်ကိုင်းတိုင်း မုံရွာမြို့နယ် တောပုပျူစောထီးကျေး ရွာကနေ ထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ ပျူစောထီး အဖွဲ့၀င်တွေကိုမိုင်းဆွဲတိုက်ခိုက်လို့ စစ်အုပ်စုဘက်က ၆ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ဒီနေ့ နို၀င်ဘာလ(၁၁)ရက် မနက်ပိုင်းမှာ တောပုပျူစောထီးကျေး ရွာကနေ ညောင်ဖြူပင်ရဲစခန်းကို ထွက်ခွာလာတဲ့ စစ်တပ်နဲ့ ပျူပူးပေါင်းအဖွဲ့ကို CHU-PDF က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။
အင်အား(၄၀)၀န်းကျင်ပါတဲ့ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေကို ချောင်းဦးမြို့နယ် ပကဖ CHU PDFက (၄)လုံးပဒေသာပွိုင့်နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ် နဲ့ပျူစောထီးအဖွဲ့၀င်(၆)ဦးနေရာမှာတင်သေဆုံးခဲ့ပြီး (၇)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Chaung U People’s Force က ထုတ်ပြန်ထားပါတယ်။ထိခိုက်ဒဏ်ရာရတဲ့ စစ်ကောင်စီတပ်သားတွေကို မုံရွာ-မန္တလေးလမ်းပိုင်း စွမ်းရည်ထက် ဆီဆိုင် အထိုင်စခန်းကို ပို့ဆောင်ပြီးနောက် မုံရွာမြို့ကို အိမ်စီးကား (၅)စီးနဲ့ ထပ်မံပို့ဆောင်ပေးခဲ့ကြတယ်လို့ သိရပါတယ်။

More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ