Categories

November 2024
M T W T F S S
 123
45678910
11121314151617
18192021222324
252627282930  
July 26, 2026

မိတ္တီလာမြို့နယ်ရှိ ရှမ်းတဲလေတပ်ကို ရှော့တိုက်ဒုံး တွေနဲ့ ပစ်ခတ်တိုက်ခိုက်

မန္တလေးတိုင်း၊ မိတ္တီလာမြို့နယ်ရှိ ရှမ်းတဲလေတပ်ကို ရှော့တိုက်ဒုံး တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသတွင်းသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ဒီနေ့ နိုဝင်ဘာ ၁၁ရက် မနက်အစောပိုင်း ၄နာရီ ၄၅မိနစ်ခန့်က ရှမ်းတဲလေတပ်စခန်းနဲ့ အပြင်ဘက်က တပ်မ၉၉၊ ကပစ တပ်တွေကို ရှော့တိုက်ဒုံး ၁၃ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ သိရပါတယ်။မိတ္တီလာ ရှမ်းတဲလေတပ်စခန်းအတွင်း ဦးတည်တဲ့ ရှော့တိုက်ဒုံးများ ကျရောက်ပေါက်ကွဲခဲ့ကာ လတ်တလော ထိခိုက်မှုတွေလည်းရှိနိုင်တယ်လို့ သိရပါတယ်။

မတ္ထီလာအခြေစိုုက် ရှမ်းတဲလေတပ်ဟာ မြန်မာပြည်အလည်ပိုင်း အညာဒေသရှိ ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်နေတဲ့ လေတပ်စခန်းတစ်ခုဖြစ်ပြီး ဒီနေ့ နေ့လည်ပိုင်းမှာလည်း အဆိုပါ ရှမ်းတဲလေတပ်မှ Y-12 Military Transport Aircraft ၁စင်း အနောက်တောင်သို့ ပျံတက်သွားကြောင်း ဒေသအခြေစိုက် က်င်းထောက်အဖွဲ့တွေက ဖော်ပြကြပါတယ်။နိုဝင်ဘာ ၅ ရက်ကလည်း ရန်ကုန်မြို့ရှိ မင်္ဂလာဒုံလေတပ်စခန်း၊ နိုဝင်ဘာ ၉ ရက်မှာ မှော်ဘီလေတပ်စခန်းတို့ကို ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

You may have missed