Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
November 1, 2026

ကိုးကန့်ရုပ်သေးအဖွဲ့အုပ်ချုပ်စဉ်က ထုတ်ပေးထားသည့် လက်နက်ခဲယမ်းများ လာရောက်အပ်နှံရန် MNDAA ထုတ်ပြန်

ကိုးကန့်ရုပ်သေးအဖွဲ့အုပ်ချုပ်စဉ်က ထုတ်ပေးထားသည့် လက်နက်ခဲယမ်းများ လာရောက်အပ်နှံရန် MNDAA ထုတ်ပြန်

ဇန်နဝါရီ ၂၃၊ VOR

ကိုးကန့် အထူးဒေသ(၁)အတွင်း ကိုးကန့်ရုပ်သေးအဖွဲ့အုပ်ချုပ်စဉ်က ပြည်သူများ ကိုင်ဆောင်ထားသည့် လက်နက်များကို ဖေဖော်ဝါရီ ၅ရက်နေ့မတိုင်မီ အပြီးသတ်လာရောက်အပ်နှံရန် MNDAAက ထုတ်ပြန်လိုက်သည်။

ကိုးကန့်ရုပ်သေးအဖွဲ့ အုပ်ချုပ်စဉ်က ထုတ်ပေးထားသည့် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ၅ရက်နေ့ မတိုင်မီ MNDAAထံ လာရောက်အပ်နှံရမည်ဖြစ်သည်။

အထူးဒေ(၁)အတွင်း ပုဂ္ဂလိက လက်နက်ကိုင်ဆောင်မှုနှင့် ရောင်းဝယ်မှုများကို ဥပဒေနှင့်အညီ တားမြစ်ထားပြီး သတ်မှတ်ကာလထက် ကျော်လွန် လက်နက်ကိုင်ဆောင်သူများကို ဥပဒေနှင့်အညီ အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဇန်နဝါရီ ၆ရက်နေ့တွင် ကြေညာခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်နေပြီဖြစ်သည်။

ကိုးကန့်ရုပ်သေးအဖွဲ့အုပ်ချုပ်စဉ်က ထုတ်ပေးထားသည့် လက်နက်ခဲယမ်းများ လာရောက်အပ်နှံရန် MNDAA ထုတ်ပြန်

You may have missed