ဇန်နဝါရီ ၂၃၊ VOR
ပလက်ဝမြို့နယ်၊ ဆမီးမှ မတူပီ(၃၀၄)တပ်ရင်းသို့ ထွက်ပြေးလာသော စစ်ကောင်စီတပ်သားများကို CDFs/CNA ပူးပေါင်းအဖွဲ့က တိုက်ခိုက်လျက်ရှိကြောင်း CDF-Matupi က သတင်းထုတ်ပြန်သည်။
ပြီးခဲ့သည့် ဇန်နဝါရီလ၊ ၂၀ ရက်နေ့ ၊ ၂၁ ရက်နေ့တို့တွင် လုံပန်ကျေးရွာအနီး Kapin ချောင်းတွင် (၁ကြိမ်)နှင့် စံတပ်ရွာ၌(၁ကြိမ်) ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၀ ဦး သေဆုံးပြီး ၅ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
တိုက်ပွဲတွင် အကျအဆုံးများပြီး အထိနာနေသည့် စစ်ကောင်စီတပ်ဖွဲ့သည် စံတပ်ကျေးရွာက ပြည်သူ့ဆေးရုံကို ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပြီး ဆေးရုံအတွင်းရှိ ဆေးဝါးများ၊ မီးစက်များနှင့် ဆိုင်ကယ်များကို မီးရှို့ဖျက်စီးသွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ်များမှ အနီးနား၌ စစ်ဘေးရှောင်နေကြသော စစ်ဘေးရှောင်ပြည်သူအမျိုးသမီး ၅ ဦးနှင့် အမျိုးသား ၃ ဦး စုစုပေါင်း ၈ ဦးကို ဖမ်းဆီးခဲ့ပြီး ယနေ့ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ဖမ်းဆီးခံထားရသည့် အမျိုးသမီးများကို ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
ကျန်အမျိုးသား ၃ ဦးကိုလည်းပြန်လွှတ်ပေးပြီးဖြစ်ကြောင်း သတင်းရရှိထားသော်လည်း ပြန်ရောက်လာခြင်း မရှိသေးကြောင်း သိရသည်။
ထွက်ပြေးလာသော စစ်ကောင်စီတပ်ကို CDF-Matupi နှင့်အတူ မိဟာမိတ် တပ်ဖွဲ့များဖြစ်ကြသည့် CDF-Paletwa၊ CNA တို့အပြင်ယနေ့တွင် စစ်ကူရောက်ရှိလာသော CDF-Daai တို့နှင့် အတူပူးပေါင်း၍ စစ်ကောင်စီကို တိုက်ခိုက်နှိမ်နင်းလျှက်ရှိကြောင်း မဟာမိတ်တပ်ဘက်မှအထိအခိုက်မရှိ ကောင်းမွန်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်