ဇန်နဝါရီ ၂၃၊ VOR
ကိုးကန့် အထူးဒေသ(၁)အတွင်း ကိုးကန့်ရုပ်သေးအဖွဲ့အုပ်ချုပ်စဉ်က ပြည်သူများ ကိုင်ဆောင်ထားသည့် လက်နက်များကို ဖေဖော်ဝါရီ ၅ရက်နေ့မတိုင်မီ အပြီးသတ်လာရောက်အပ်နှံရန် MNDAAက ထုတ်ပြန်လိုက်သည်။
ကိုးကန့်ရုပ်သေးအဖွဲ့ အုပ်ချုပ်စဉ်က ထုတ်ပေးထားသည့် လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းများကို ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီ၅ရက်နေ့ မတိုင်မီ MNDAAထံ လာရောက်အပ်နှံရမည်ဖြစ်သည်။
အထူးဒေ(၁)အတွင်း ပုဂ္ဂလိက လက်နက်ကိုင်ဆောင်မှုနှင့် ရောင်းဝယ်မှုများကို ဥပဒေနှင့်အညီ တားမြစ်ထားပြီး သတ်မှတ်ကာလထက် ကျော်လွန် လက်နက်ကိုင်ဆောင်သူများကို ဥပဒေနှင့်အညီ အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေအဖြစ် ဇန်နဝါရီ ၆ရက်နေ့တွင် ကြေညာခဲ့ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ ဖော်ဆောင်နေပြီဖြစ်သည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်