ဇန်နဝါရီ ၂၃၊ VOR
ပဲခူးတိုင်း၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ခရိုင်ချင်းဆက်လမ်းမပေါ်ရှိ စစ်ကောင်စီ၏ ချင်းလည်ငါးဘတ်ကုန်း ဂိတ်စခန်းနှင့် ပေါင်းတည်တွင် စစ်ကောင်စီတပ်စစ်ကြောင်းကို PDF တပ်တို့ တိုက်ခိုက်ရာ စစ်သား ၃ဦးသေဆုံးပြီး ၄ဦးဒဏ်ရာရရှိခဲ့သည်ဟု Bago Region PDF က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ(၂၂)ရက်နေ့၊ နံနက် (၄)နာရီခန့်တွင် စစ်ကောင်စီ၏ ချင်းလည်ငါးဘတ်ကုန်း ဂိတ်စခန်းကို ပြည်ခရိင်တပ်ရင်း ၃၆၀၁ (PPDF)၊ တပ်ခွဲ၂ (ဧရာညီနောင်စစ်ကြောင်း) က သွားရောက် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်(၃)ဦး သေဆုံး၍ (၃)ဦး အပြင်းထန် ဒဏ်ရာရရှိသွားခဲ့သည်ဟု သိရသည်။
စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး၊ လက်ငယ်များဖြင့် ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ဧရာညီနောင်စစ်ကြောင်းမှ ရဲဘော်များမှာ အထိအခိုက်အန္တရာယ်မရှိ အောင်မြင်စွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူများနှင့် ဒဏ်ရာရရှိသူများကို ဆိုင်ကယ် (၂)စီး၊ ကား(၁)စီးဖြင့် နံနက်မိုးမလင်းခင် လာရောက်၍ ပေါက်ခေါင်းဘက်သို့ ပြန်လည်သယ် ဆောင်သွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ထို့အပြင် ပြည်ခရိုင် PDF တပ်ရင်း ၃၆၀၁ (PPDF)၊ Sniper အဖွဲ့မှလည်း ဇန်နဝါရီ ၂၂ ရက်နေ့၊ နံနက် (၉း၂၀) နာရီခန့်တွင် ပေါင်းတည်မြို့နယ်၊ ဂွေးတောက်ကွင်းရွာမှ ထွက်လာသည့် အင်အား(၅၀)ပါ စစ်ကောင်စီ၏ စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၁)ဦး အပြင်းထန် ဒဏ်ရာရရှိခဲ့ပြီး အထမ်းဖြင့်ထမ်း၍ လက်ပံခုန်ရွာသို့ သယ်ဆောင်သွားခဲ့သည်ဟု သိရသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်