ဇန်နဝါရီ ၂၃၊ VOR
ပလက်ဝဒေသတွင် ရက္ခိုင့်တပ်တော် AA၏ တိုက်ခိုက်မှုကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားသည့် စစ်ကောင် စီတပ်သားများကို လာရောက်ခေါ်ဆောင်သည့် တပ်လေယာဉ်တိမ်းမှောက်ခဲ့ရာ စစ်သား ၁၂ဦး ဒဏ်ရာရပြီး ၄ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရကြောင်းသိရသည်။
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ချင်းပြည်နယ်မှ မီဇိုရမ်ပြည်နယ်ဘက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သား ၂၇၆ ဦးကို စစ်တပ်က အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ Lengpui လေဆိပ်မှာ လာရောက်ခေါ်ဆောင်စဉ် ခုလိုဖြစ်ပွားခဲ့သည်ဟု သိရသည်။
အဆိုပါ လေယာဉ်ပေါ်တွင် စစ်သား၉၂ဦး လိုက်ပါလာပြီး ၄ဦးမှာ အသက်အန္တရာယ်ရှိ သည်ဟု အိန္ဒိယလေဆိပ်အာဏာပိုင် အရာရှိတစ်ဦးက AFPသတင်းဌာနကို ပြောဆိုထားသည်။
၂သုတ်ခွဲခေါ်ဆောင်ရာ ဒုတိယအသုတ်တွင်ဖြစ်ပွားခဲ့ပြီး လေယာဉ်ထက်ပိုင်းကျိုးခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။
https://www.facebook.com/VORLiveNews/videos/1457592691766473

More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်