ဇန်နဝါရီ ၂၄၊ VOR
မန္တလေးတိုင်း၊ တံတားဦး လေတပ်စခန်း အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၁၂ လုံးပစ်ခတ်ရာ ၅လုံးပေါက်ကွဲ ခဲ့ကြောင်း Brave Warriors for Myanmar (BWM) အဖွဲ့က သတင်းထုတ်ပြန်သည်။
အဆိုပါ တံတားဦးလေဆိပ်စခန်းသည် လက်ရှိအချိန်တွင် စစ်ကောင်စီတပ်က တော်လှန်ရေး အင်အားစုများ နှင့် အပြစ်မဲ့ပြည်သူများအပေါ်လေကြောင်းတိုက်ခိုက်မှုများပြုလုပ်ရာ၌ အများဆုံး အသုံးပြုနေသည့် လေတပ် စခန်း ဖြစ်နေခြင်းကြောင့် ယခု ကဲ့သို့ တိုက်ခိုက်ရခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယမန်နေ့ ဇန်နဝါရီလ ၂၃ရက်၊ ညနေ ၄ နာရီ ၄၉ မိနစ် အချိန်တွင် မန္တလေးတိုင်း၊ တံတားဦး လေတပ်စခန်း အတွင်းသို့ ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံး အောင်မြင်စွာ ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။
မူလပစ်ခတ်စဥ်က ၁၂ လုံးပစ်ခတ်ခဲ့သော်လည်း ၇ လုံး ပစ္စည်းချို့ယွင်းခဲ့ပြီး လေတပ်စခန်းအတွင်းသို့ ၅ ထိမှန်ပေါက်ကွဲခဲ့ရာ တပ်စခန်းထိခိုက်ပျက်စီးမှု အခြေ အနေကို ဆက်လက် စုံစမ်း နေဆဲ ဖြစ်သည်ဟု ဆိုသည်။
အဆိုပါ စစ်ဆင်ရေးကို Brave Warriors for Myanmar (BWM) အဖွဲ့၏ စီမံမှုဖြင့် မြို့ပြအထူးစစ်ဆင်ရေး (U.S.O) နှင့် အတူ မဟာမိတ်ဖြစ်သော Security and Special Task Force ( SSTF – MDY ) အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။



More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်