Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
April 24, 2026

မုံရွာတွင် ကင်းပတ်လာသည့် ရဲကား ၂စီးကို PDF တို့တိုက်ခိုက်ရာ ရဲ ၁၀ဦးသေဆုံးပြီး ၂ဦးထိခိုက်

မုံရွာတွင် ကင်းပတ်လာသည့် ရဲကား ၂စီးကို PDF တို့တိုက်ခိုက်ရာ ရဲ ၁၀ဦးသေဆုံးပြီး ၂ဦးထိခိုက်

ဇန်နဝါရီ ၂၄၊ VOR

မုံရွာမြို့တွင် ကင်းပတ်လာသည့် ရဲကား ၂စီးကို PDF တို့တိုက်ခိုက်ရာ ရဲ ၁၀ဦးသေဆုံးပြီး ၂ဦးထိခိုက်သွားကြောင်း မုံရွာခရိုင်တပ်ရင်းအမှတ် (၂၂) နတ်ဆိုးတပ်ရင်းက ယမန်နေ့က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီလ ၂၁ရက်နေ့တွင် ကင်းပတ်လာသည့် ရဲ (၈) ယောာက်ပါ အာရာဖတ်ကားနှင့် ရဲ (၅)ယောက်ပါ PRAD6 ကားနှစ်စီးအား မုံရွာမြို့၊ ဗိုလ်တေဇလမ်း ကြယ်ဇင်မင်းဆီဆိုင်နားတွင် PDF တို့က အနီးကပ်ပစ်ခတ်တိုက်ခိုက်ရာ ရဲ (၁၀) ဦး သေဆုံးပြီး (၂) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

လက်နက်ကောက်မည့်အချိန်တွင် ပတ်ကင်းများ ထပ်မံရောက်ရှိလာသည့်အတွက် (၉) မိနစ်ခန့် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော်များအန္တရာယ်ကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာခရိုင်တပ်ရင်းအမှတ် (၁) မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -MPDF၊ မုံရွာခရိုင်တပ်ရင်းအမှတ် (၂၂) နတ်ဆိုးတပ်ရင်း၊ မုံရွာခရိုင်တပ်ရင်းအမှတ် (၂၃) အမဲလိုက်သိန်းငှက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့မှ ပူးပေါင်းတိုက်ခိုက်ခဲ့သည်ဟု သိရသည်။

https://www.facebook.com/VORLiveNews/videos/716947753742325

You may have missed