ဇန်နဝါရီ ၂၄၊ VOR
စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်တွင် စစ်ကောင်စီတပ်သားတစ်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ လက်နက်ခဲယမ်းနှင့် တကွအလင်းဝင်လာခဲ့သဖြင့် ကျပ် သိန်း ၅၀ချီးမြှင့်ခဲ့ကြောင်း ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။
ဇန်နဝါရီ ၂၃ရက်နေ့တွင် ဗိုလ်ကျားရိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထံသို့ G3 ၁ လက်၊ Magazine ၄ခု၊ ကျည် ၁၅၀ဖြင့် အလင်းဝင်ရောက်လာသောသူအား သိန်း ၅၀ကျပ်တိတိ ပြန်လည်ဆုချီးမြှင့်ပေးအပ်ခဲ့သည်ဟု သိရသည်။
ဗိုလ်ကျားရိုင်း တပ်ဖွဲ့သည် ပြီးခဲ့သည့် ဇန်နဝါရီ ၂၀ရက်နေ့က စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ သီးလုံးရွာရှိ စစ်တပ် စခန်းများကို တိုက်ခိုက် သိမ်းပိုက်ရာတွင် ဒေသကာကွယ်ရေးတပ်များနှင့်အတူပါဝင်တိုက်ပွဲဝင်ခဲ့သည့်တပ်ဖွဲ့ဖြစ်ပြီး အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၄ ဦး အရှင် ဖမ်းဆီးရမိခဲ့သည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်