Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

ကျောက်တံခါးမြို့နယ်အတွင်း ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးခန့် ဒဏ်ရာရ

ကျောက်တံခါးမြို့နယ်အတွင်း ရှောင်တခင်စစ်ဆေးမှုများ ပြုလုပ်စဉ် ထိတွေ့တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်ဖွဲ့ဝင် (၅)ဦးခန့် ဒဏ်ရာရ

ဇန်နဝါရီ ၂၄ ၊ VOR

ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ်အတွင်း မင်းလှ – စိန်ကန့်လန့်လမ်း၌ တော်လှန်ရေးတပ်ဖွဲ့များမှ ရှောင်တခင်စစ်ဆေးမှုများပြုလုပ်စဉ် စစ်ကား (၂)စီး တက်လာ၍ တိုက်ပွဲဖြစ်ပွားရာ စစ်သား ၅ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Bago Region PDF က ယနေ့သတင်းထုတ်ပြန်သည်။

ကျောက်တံခါးမြို့နယ်အတွင်း မင်းလှ – စိန်ကန့်လန့်လမ်း၌ ဇန်နဝါရီ(၂၃)ရက်နေ့၊ နံနက် (၆) နာရီခန့်မှ စတင်ကာ ပဲခူးခရိုင် တပ်ရင်း ၃၇၀၁၊ တပ်ခွဲ ၅ ( Dike-U Defence Force) က နယ်မြေစိုးမိုးရေးအတွက် ရှောင်တခင် စစ်ဆေးမှုများ ပြုလုပ်စဉ် နံနက် (၁၀)နာရီခန့်တွင် စစ်ကား (၂)စီး တက်လာ၍ လာရောက်တိုက်ခိုက်ခဲ့ရာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သိရသည်။

(၁)နာရီခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ (၅)ဦးခန့် ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဘက်မှ အင်အား (၂၀)ခန့်ဖြင့် ဝိုင်းဝန်းတိုက်ခိုက်ခဲ့သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ၏ ကြိုတင်ပြင်ဆင်ထားရှိမှု၊ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဒဏ်ရာရရှိသူများကို ကားပေါ်သို့ ဆွဲတင်ကာ တောင်ငူဘက်သို့ ပြန်လည်ဆုတ်ခွာသွားခဲ့သည်ဟု သိရသည်။

အဆိုပါထိတွေ့တိုက်ပွဲတွင် ဒဏ်ရာရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ သေဆုံးခြင်းရှိ/မရှိကို အတည်ပြုနိုင်ခြင်း မရှိသေးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။

You may have missed