ဇန်နဝါရီ ၂၄၊ VOR
ကချင်ပြည်နယ်၊ မံစီမြို့နယ်၊ မန့်ဝိန်းကြီးကျေးရွာ စခန်းသိမ်းတိုက်ပွဲအတွင်း တရုတ်နိုင်ငံဘက်သို့ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိ ၄ ဦး အပါအဝင် ၅၇ ဦးကို ဇန်နဝါရီ ၂၂ ရက်က စစ်ကောင်စီထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့ကြောင်း ဒေသတွင်း သတင်းအရင်းမြစ်များထံက သိရသည်။
တရုတ်တပ်မတော် တာဝန်ရှိသူ ဒုတိယဗိုလ်မှူးကြီး စုန်စီပေါက စစ်ကောင်စီ တာဝန်ရှိသူ ခလရ ၂၉၀ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ရွှေမောင်ထံ သို့ မန်ဝိန်းကြီး စစ်ဆေးရေးဂိတ်တွင် လွှဲပြောင်းပေးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
ပြန်လည်လွှဲပြောင်းပေးခဲ့သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ခမရ ၄၂၄မှ အရာရှိ ၁ ဦး၊ အခြားအဆင့် ၁၁ ဦးနှင့် မှီခို ၂ ဦး၊ ခမရ ၁၀၂ မှ အခြားအဆင့် ၁၀ ဦး၊ ဆက်သွယ်ရေးတပ်မှ အခြားအဆင့် ၂ ဦး၊ မန့်ဝိန်းကြီးရဲစခန်းမှ အရာရှိ ၃ ဦး အခြားအဆင့် ၁၁ ဦး၊ နမ့်ခမ်းမြို့သစ် ပြည်သူ့စစ် ၁၁ ဦး စုစုပေါင်း ၅၇ ဦးဖြစ်သည်ဟု သိရသည်။
မန်ဝိန်းကြီး စစ်တပ်စခန်းကို KIA, PDF ပူးပေါင်းတပ်ဖွဲ့ က ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် ဝင်ရောက်သိမ်းပိုက်ခဲ့ပြီး စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်မှ လက်နက်ချအညံ့ခံသူများအပြင် ထွက်ပြေးသွားသူများကို KIA,PDF က လိုက်လံချေမှုန်းလျက်ရှိရာ အင်အား ၂၀၀ ခန့်ကိုလည်း တရုတ်နယ်စပ် လမ်းတလျှောက် တွင် ပြန်လည်ဖမ်းဆီးရမိခဲ့သည်။
အဘက်ဘက်မှ စစ်ရှံးလာသည့် စစ်ကောင်စီတပ်များသည် အိန္ဒိယနှင့် တရုတ် စသည့် နီးစပ်ရာ နိုင်ငံများသို့ထွက်ပြေးလျက်ရှိပြီး အိန္ဒိယသို့ ထွက်ပြေးသွားသည့် စစ်သား ၄၀၀မှ တချို့အား စစ်ကောင်စီက ပြန်ခေါ်ဆောင်ပြီး ရှေ့တန်းတွင် တာဝန်ထမ်းဆောင်စေလျက်ရှိသည်။


More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်