ဇန်နဝါရီ ၂၄၊ VOR
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)အနေဖြင့် ပြည်သူများ အေးချမ်းသာယာစွာ သွားလာနေထိုင်နိုင်ရေး အတွက် လုံခြုံရေးလှုပ်ရှားခြင်းသာဖြစ်ကြောင်း PNLA က ယနေ့ညနေတွင် သတင်းထုတ်ပြန်လိုက်သည်။
(PNLO/PNLA)သည် ပအိုဝ်းဒေသအတွင်းရှိ ပအိုဝ်းလူမျိုးများနှင့် အခြားညီနောင်တိုင်းရင်းသားပြည်သူများအားလုံးကို လွတ်လပ်လုံခြုံစွာ သွားလာနေထိုင်နိုင်ရန် ကာကွယ်ပေးရမည့် တာဝန်ရှိသည့် တပ်မတော်ဖြစ်သည်ဟု ဆိုသည်။
ယခုလက်ရှိကာလတွင် လုံခြုံမှုအားနည်းနေသည့် ပအိုဝ်းဒေသအား လူဆိုး သူခိုး ဓားပြ ဘေးရန်မှ ကာကွယ်ရန်အတွက် လုံခြုံရေးလှုပ်ရှားမှုကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA) က ဆောင်ရွက်ရခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)အနေဖြင့် ဒေသတွင်းရှိ ပြည်သူများ အေးချမ်းသာယာစွာ သွားလာနေထိုင်နိုင်ရေး အတွက် လုံခြုံရေးလှုပ်ရှားခြင်းသာဖြစ်ကြောင်း အသိပေးထားသည်။
လက်ရှိအချိန်တွင် ဆီဆိုင်မြို့နယ်ရှိ စစ်ကောင်စီတပ်၊ PNO တို့၏ ဂိတ်စခန်းများမှ စခန်းစွန့်ခွာသွားမှုကြောင့် PNLO/PNLA က သိမ်းပိုက်ထားသည်။


More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ