ဇန်နဝါရီ ၂၃၊ VOR
နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားသည့် မြန်မာစစ်သားများကို လာရောက်ခေါ်ဆောင်သည့် စစ်အုပ်စု၏ လေယာဉ်တစ်စီး ယနေ့နံနက်ပိုင်းတွင် လမ်းချော်ပြီး တိမ်းမှောက်သွားခဲ့ကြောင်း သိရသည်။
ပြီးခဲ့တဲ့ရက်ပိုင်းက စစ်ကောင်စီတပ်သား ၂၇၆ ဦး ချင်းပြည်နယ်မှ မီဇိုရမ်ပြည်နယ်ဘက်ကို ထွက်ပြေးခဲ့ပြီး ၎င်းတို့ကို လာရောက်ခေါ်ဆောင်သည့် လေယာဉ်တိမ်းမှောက်ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါတိမ်းမှောက်မှုကြောင့် စစ်သား ၅ဦး ဒဏ်ရာရခဲ့ပြီး အိန္ဒိယ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့ Lengpui လေဆိပ်တွင် လာရောက်ခေါ်ဆောင်စဉ် ခုလိုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
အဆိုပါ စစ်သား ၂၇၆ဦးကို စစ်တပ်က အိန္ဒိယမှ ရခိုင်ပြည်နယ်၊ စစ်တွေမြို့လေယာဉ်ကွင်းသို့ ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်း အိန္ဒိယသတင်းတွေမှာ ဖော်ပြထားသည်။




More Stories
လားရှိုးမြို့သိမ်းခံလိုက်ရပြီးနောက် စစ်ကောင်စီအကြမ်းဖက်လော်ဘီများက မြန်မာပြည်ဖွားတရုတ်များကို ခြိမ်းခြောက်မှုများ ပြုလုပ်နေ
ရခိုင်ပြည်နယ်တွင်း မြောက်ဦးမြို့ထဲ တိုက်လေယာဉ်ဗုံးကြဲခဲ့လို့ အရပ်သား ၄ ဦးထက်နည်း အသက်ဆုံးရှုံးသွားပါတယ်
နွားထိုးကြီးမှာ တိုက်ပွဲပြင်းထန်