Categories

January 2024
M T W T F S S
1234567
891011121314
15161718192021
22232425262728
293031  
June 10, 2026

စစ်ကောင်စီတပ်စခန်းပေါင်း ၁၆၂ ခုထက်မနည်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထား

စစ်ကောင်စီတပ်စခန်းပေါင်း ၁၆၂ ခုထက်မနည်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထား

ဇန်နဝါရီ ၂၃၊ VOR

ရက္ခိုင့်တပ်တော်က သိမ်းယူထားသည့် မြေပုံအညွှန်းကို လေ့လာစောင့်ကြည့်ရေးအဖွဲ့ ISP က ဇန်နဝါရီ ၂၂ရက် ယမန်နေ့က ထုတ်ပြန်လိုက်သည်။

၁၀၂၇ စစ်ဆင်ရေးအတွင်း စစ်ကောင်စီတပ်စခန်းပေါင်း ၁၆၂ ခုထက်မနည်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းယူခဲ့ပြီး ထိုစခန်များထဲမှ စခန်းပေါင်း ၄၀ နီးပါးသည် စခန်းစွန့်ခွာသွားသောကြောင့် အလွယ်တကူ သိမ်းယူနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဖော်ပြထားသည်။

‘စစ်ဆင်ရေး ၁၀၂၇’ နောက်ပိုင်း ဖြစ်ပွားခဲ့သည် တိုက်ပွဲများသည် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသနှင့် အိန္ဒိယနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြစ်သည့် အိန္ဒိယ-မြန်မာ ကုလားတန်မြစ်ကြောင်း စီမံကိန်းဒေသတဝိုက်မှာ ပိုဖြစ်ခဲ့သည်ဟု ဆိုသည်။

၂၀၂၄ ခုနှစ် ဇန်နဝါရီ ၁၄ ရက်မှာတော့ ပလက်ဝဒေသတခုလုံးကို ရက္ခိုင့်တပ်တော်က သိမ်းယူခဲ့ပြီး စစ်ကောင်စီကင်းစင်နယ်မြေအဖြစ်ကြေညာခဲ့သည်။

စစ်ကောင်စီတပ်စခန်းပေါင်း ၁၆၂ ခုထက်မနည်းကို ရက္ခိုင့်တပ်တော် (AA) က သိမ်းပိုက်ထား

You may have missed