အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ TRI ဗျူဟာ ရဲ့ စစ်သင်တန်းဆင်းခြင်း၊ လက်နက်တပ်ဆင်ခြင်းနဲ့ တပ်အပ်ပွဲ ပုံရိပ်တွေကို အမှတ် ၁၂၂၂ တပ်ရင်းက ဇန်နဝါရီ ၁၃ ရက်မှာ ထုတ်ပြန်ထားပါတယ်။အဆိုပါ TRI ဗျူဟာကို တအာင်းအမျိုးသားလွပ်မြောက်ရေးတပ်မတော် TNLA မွေးထုတ်ပေးခဲ့သလို စစ်ပညာသင်ကြားပေးခဲ့တဲ့ အမျိုးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်က တပ်တစ်ခုဖြစ်တယ်လို့ သိရပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် “TRI ဗျူဟာ” ဟာ “ပြည်သူ၊ တော်လှန်ရေး၊ စစ်စည်းကမ်းကျင့်ဝတ်” ဆိုတဲ့ အဓိက မဏ္ဍိုင် ၃ ရပ်ကို အလေးထား မျက်နှာမူကြောင်း၊ One Two Tri ၊ အမှတ် -၁၂၂၂ တပ်ရင်း၊ ထွိုင်ရဲဘော်တွေ တဦးချင်းစီရဲ့ ကြိုးပမ်းတည်ထောင်မှုကြောင့် ပေါ်ပေါက်လာတဲ့ ဗျူဟာဖြစ်တယ်လို့ ဆိုပါတယ်။ရှမ်းမြောက်မိုးကုတ် မြို့သိမ်းစစ်ဆင်ရေး၊ စဉ့်ကူးမြို့သိမ်းစစ်ဆင်ရေးနဲ့ သပိတ်ကျင်းစစ်ဆင်ရေးတွေမှာ TNLA တပ်တွေ၊ စစ်ဒေသ ၁ ရဲ့ ကွပ်ကဲမှု တပ်ရင်းတွေ၊ ကာကွယ်ရေးဝန်ကြီးဌာန အောက်ရှိ တပ်ရင်းတွေ၊ မြို့နယ် ပကဖ အဖွဲ့တွေနဲ့ စည်းလုံးညီညွတ်စွာ စစ်ရေးဖော်ဆောင်ခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု တခုလုံး ပြုတ်ကျသွားတဲ့အထိ အစွမ်းကုန်တိုက်ခိုက်သွားမှာ ဖြစ်တယ်လို့ ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ