၂၀၂၄ခုနှစ်အတွင်း မြို့ ၂မြို့အပါအဝင် တပ်ရင်းဌာနချုပ်များ၊ တပ်စခန်းများ၊ မဟာဗျူဟာမြောက် စစ်ဆင်ရေးများကို ဖော်ဆောင်နိုင်ခဲ့ပြီးအောင်မြင်မှုများကို ရရှိခဲ့သလို စိုးမိုးနယ်မြေ ချဲ့ထွင်နိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်ပါတယ်။၂၀၂၄ခုနှစ်အတွင်း ဖာပွန်မြို့ကို အပြီးသတ်တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့ပြီး ဇရပ်ကြီးမြို့ကိုလည်း တိုက်ခိုက်ထိန်းချုပ်နိုင်ခဲ့တယ်လို့...
Day: January 1, 2025
မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်မှာ မနေ့က ဒီဇင်ဘာ ၃၁ရက်ညပိုင်း စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ သားကျင်ကျေးရွာနေ မိသားစုတစ်စုထဲက ၅ဦးသေဆုံးကာ အပြင်အထန်ဒဏ်ရာရသူ ၆ဦးထိရှိခဲ့တယ်လို့ သိရပါတယ်။သေဆုံးသွားတဲ့ မိသားစုဝင် ၅ဦးထဲမှာ ၂ဦးသာ အလောင်းပြန်ရပြီး ကျန်တဲ့ ၃ဦးက...
အခု ၂၀၂၅ခုနှစ်မှာ မြန်မာပြည်အလယ်ပိုင်းကို ထိုးဖောက်ဝင်ရောက်နိုင်ရေး စစ်ဆင်ရေးရည်မှန်းချက်တွေ ထားရှိထားပြီး ဝတ်မှုံကူးသယ်ဆောင်လာမယ်လို့ ကျောင်းသားလက်ရုံးတပ်တော် SAF က ဒီနေ့ ဇန်နဝါရီ ၁ ရက်မှာ ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ ၂ နှစ်လောက်ကတည်းက အညာဒေသနဲ့ မြေလတ်ဒေသမှာ စစ်ဒေသတွေထားရှိကာ...
တောင်တွင်းကြီးမြို့နယ်ရှိ အသောကဘုန်းကြီးကျောင်းအနီး ခိုင်ခိုင်ကျော် ဓာတ်ဆီဆိုင်နဲ့ နန်းထိုက်စံဓာတ်ဆီဆိုင်ကြားမှာ စစ်အုပ်စုကို မိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင့် ၄ဦးသေဆုံးသွားကြောင်း ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော် တောင်တွင်းကြီးတပ်ရင်းက ထုတ်ပြန်ပါတယ်။ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၈ နာရီအချိန် တောင်တွင်းကြီးမြို့နယ်၊ အသောကဘုန်းကြီးကျောင်းရဲ့ မျက်နှာချင်းဆိုင်...
အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေထဲက ၁၆၉ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်းနဲ့ ကျန်အကျဉ်းသားတွေကိုလည်း ထောင်ဒဏ် သုံးပုံတစ်ပုံလျှော့လိုက်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့အမိန့်ထုတ်ပြန်လိုက်ပါတယ်။ဒီနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ်အခါသမယနေ့မှာ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို...
