အမျိုးသားညီညွတ်ရေးအစိုးရရဲ့ အကျဉ်းထောင်အသီးသီးမှာ ဖမ်းဆီးထိန်းသိမ်းထားတဲ့ အကျဉ်းသားတွေထဲက ၁၆၉ဦးကို လွတ်ငြိမ်းခွင့်ပြုလိုက်ကြောင်းနဲ့ ကျန်အကျဉ်းသားတွေကိုလည်း ထောင်ဒဏ် သုံးပုံတစ်ပုံလျှော့လိုက်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ဒီနေ့အမိန့်ထုတ်ပြန်လိုက်ပါတယ်။ဒီနေ့ ၂၀၂၅ခုနှစ် ဇန်နဝါရီလ ၁ရက်နေ့မှာ ကျရောက်တဲ့ နှစ်သစ်အခါသမယနေ့မှာ နွေဦးတော်လှန်ရေးရဲ့ အကျိုးစီးပွားကို ရှေးရှုသောအားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရေးနဲ့ လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း အခုလိုလွတ်ငြိမ်းခွင့်ပေးတာလို့ ဆိုပါတယ်။NUG ရဲ့ အကျဉ်းထောင်၊ အကျဉ်းစခန်း အသီးသီးမှာ ပြစ်ဒဏ်ကျခံနေတဲ့ အကျဉ်းသား/သူ (၁၆၉) ဦးကို ရာဇဝတ်ကျင့်ထုံးဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်း သက်သာခွင့်ပြုလိုက်တယ်လို့ သမ္မတ ဒူဝါလရှီးလက အမိန့်စာထုတ်ပြန်လိုက်တာပါ။
ဒါ့အပြင် အဆိုပါအမိန့်နဲ့ အကျုံးမဝင်တဲ့ ကျန်အကျဉ်းသား/သူများကို ၎င်းတို့ ကျခံနေရတဲ့ ထောင်ဒဏ်ရဲ့ သုံးပုံတစ်ပုံကို လျှော့ပေါ့ကျခံစေဖို့ ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ ပြစ်ဒဏ်လွတ်ငြိမ်း သက်သာခွင့်ပေးလိုက်တယ်လို့လဲ အမိန့်ထုတ်ထားပါတယ်။လက်ရှိမှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်သူ့ကာကွယ်ရေးတပ်တွေအပါအဝင် တိုင်းရင်းသားတော်လှန်ရေးတပ်တွေအနေနဲ့ မြန်မာနိုင်ငံက မြို့ပေါင်း ၉၀ကျော်ကို သိမ်းပိုက်ထိန်းချုပ်ထားပြီဖြစ်ပါတယ်။

More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ