Categories

January 2025
M T W T F S S
 12345
6789101112
13141516171819
20212223242526
2728293031  
April 29, 2026

လဝက်အတွင်း တပ်သားနှင့်ရဲ (၂၉) ဦး အလင်းဝင်ရောက်

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) တပ်ရင်းများသို့ ဆက်သွယ်ကာ ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း တပ်သားနှင့်ရဲ (၂၉) ဦး အလင်းဝင်ရောက် ခဲ့သည်ဟု သိရသည်။။ဇန်နဝါရီလ (၂) ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ ရဲတပ်သား (၁) ဦး ဂန့်ဂေါခရိုင် တပ်ရင်း-၂ ထံသို့ G-3 (၁) လက်၊ 7.62 ကျည် (၅၀) တောင့်၊ ကျည်အိမ် (၂) ခုဖြင့် အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။ဇန်နဝါရီလ (၆) ရက်နေ့တွင် ဆောမြို့မရဲစခန်းမှ လောင်းရှည်တိုက်နယ် ရဲစခန်းသို့ ထွက်လာသော စစ်ကြောင်း၏ စစ်ကောင်စီအဖွဲ့ဝင် (၅) ဦးသည် MA-1 (၁) လက်၊ MA-3 (၁) လက်၊ MA ကျည် (၄၃၂) တောင့်၊ လက်ပစ်ဗုံး (၃) လုံး၊ MA ကျည်ဘောက် (၉) ခုဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း (၃၊ ၅) ထံသို့ အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။ဇန်နဝါရီလ (၇)ရက်နေ့ နံနက်ပိုင်းတွင် ဘီးလင်းမြို့နယ်၊ လဂွန်းပျိုစခန်းမှ စစ်ကောင်စီတပ်သား ၁၆ ဦး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ထံသို့ အလင်းဝင်ရောက်လာခဲ့သည်။ ၎င်းတို့ထံမှ ၈၀မမ (၁) လက်၊ ၆၀မမ (၁) လက်၊ စက်လက် (၁)လက်၊ စနိုက်ဘာ (၁)လက်၊ MA-1 ၇လက်၊ MA-2 (၁)လက်၊ MA-3 (၁)လက်၊ MA-4 ၁လက် ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းဆည်းရမိခဲ့သည်ဟု သိရသည်။ဇန်နဝါရီလ (၉) ရက်နေ့တွင် မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ်၊ မြို့မရဲစခန်းမှ ရဲတပ်သား (၁) ဦးသည် G-3 (၁) လက်၊ ကျည် (၃၄၉) တောင့်၊ လက်ပစ်ဗုံး (၄) လုံး၊ ကျည်ဘောက် (၂) ခုတို့ဖြင့် ဂန့်ဂေါခရိုင် တပ်ရင်း-၃ ထံသို့ အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။

၎င်းနေ့တွင်ပင် ပခုက္ကူခရိုင်၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းမှ တပ်သား (၂) ဦးသည် MA-1 (၂) လက်၊ အီနာဂါ ဗုံးသီး (၁) လုံး၊ နာနတ်သီးဗုံး (၂) လုံး၊ MA ကျည် (၁၆၆) တောင့်၊ ပို့ကျည် (၅) တောင့်၊ ကျည်အိမ် (၁၀) ခုဖြင့် ပခုက္ကူခရိုင် တပ်ရင်း-၈ ထံသို့ အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။ဇန်နဝါရီလ (၁၀) ရက်နေ့တွင် စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားကျေးရွာတွင် ယာယီအ‌ခြေပြုနေသော ဗိုလ်ကြီး အေးမျိုးထွန်း ဦးစီး ခမရ-၁၃ မှ ပြည်သူ့စစ်တပ်သား (၂) ဦးသည် MA-1 (၂) လက်၊ MA ကျည် (၄၆၀) တောင့်ဖြင့် ရွှေဘိုခရိုင် တပ်ရင်း-၂ ထံသို့ အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။ဇန်နဝါရီလ ၁၁ ရက်နေ့တွင် အမှတ်(၁၂) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်း အပတ်စဉ် (၅) သင်တန်းဆင်း ခမရ ၅၅၉ တွင် တာဝန်ထမ်းဆောင်နေသော စစ်ကောင်စီတပ်သား၂ဦး တောင်ပိုင်းစစ်ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃၊ ဗျူဟာ ၃၃ ဒေါနတပ်ရင်းသို့ လက်နက်များဖြင့် အလင်းဝင်ရောက်ခဲ့သည်ဟု သိရသည်။

အဆိုပါတပ်သား ၂ဦးသည် စစ်ကောင်စီတပ်၏ အတင်းအဓမ္မ တပ်သားစုဆောင်းမှုတွင်ပါဝင်ခဲ့ကြရသူများဖြစ်ပြီး ၎င်းတို့နှင့်အတူ MA-1 (၁)လက်၊ MA-3 (၁)လက်၊ ကျည် ၁၇၅တောင့်၊ ကျည်ဘောက် ၆ ဘောက် ၊ လက်ပစ်ဗုံး (၁) လုံး ကိုလည်း ယူဆောင်လာခဲ့သည်ဟု ဆိုသည်။ဇန်နဝါရီလ ပထမနှစ်ပတ်အတွင်း အလင်းဝင်ရောက်လာသူများထံမှ MA–1 (၁၃) လက်၊ MA-2 (၁) လက်၊ MA-3 (၃) လက်၊ MA-4 (၁)လက်၊ G-3 (၂) လက်၊ MA ကျည်ဘောက် (၂၉) ဘောက် ၊ စနိုက်ဘာ (၁) လက်၊ စက်လက် (၁) လက်၊ ၈၀မမ (၁)လက်၊ ၆၀မမ (၁)လက်၊ လက်ပစ်ဗုံး (၁၀) လုံး၊ 7.62 ကျည် ၅၇၄ တောင့်၊ MA ကျည် ၁၀၅၈ တောင့်၊ ပို့ကျည် ၅ တောင့်၊ အီနာဂါဗုံးသီး ၁ လုံး တို့ သိမ်းဆည်း ရရှိခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

You may have missed