Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
April 8, 2026

မုံရွာမြို့နယ်အတွင်း လူသတ်ဓါးပြတိုက်မှုကို ပလဖအဖွဲ့ ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ လူသတ်ဓားပြတိုက်မှုဖြစ်ပွားပြီးနောက် တရားခံတွေကို ၁၂နာရီအတွင်း ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့တယ်လို့ မုံရွာမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က အသိပေးပါတယ်။မနေ့က ဒီဇင်ဘာ ၂၆ ရက်နေ့ မနက်ပိုင်းမှာ မုံရွာမြို့ မိုးကောင်းလမ်းပေါ်ရှိ ပစ္စည်းဟောင်းရောင်းဝယ်ရေးဆိုင်တဆိုင်မှာ လူသတ်ပြီး ကားလုယူမှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မြို့နယ်ပလဖအဖွဲ့တွေက Toyota Wish အဖြူရောင်ကားကို ရှာဖွေပေးနိုင်ခဲ့ပေမယ့် စစ်ကောင်စီတပ်သားတွေကင်းပတ်လာတာကြောင့် အချက်အလက်တွေသာ ရယူနိုင်ခဲ့ပြီးနောက် တရားခံတွေကို ရှာဖွေဖမ်းဆီးသွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။အဲ့ဒီနောက် မုံရွာမြို့နယ် ပလဖ (တာဝန်ခံ) ဦးဆောင်ပြီး မြို့နယ် ပလဖ တပ်ဖွဲ့ဝင် ရဲဘော်တွေရဲ့ ကြိုးစားအားထုတ်မှုကြောင့် လူသတ် ဓါးပြတိုက်မှုကျူးလွန်ပြီး ကားလုပြေးတဲ့ တရားခံတွေကို အခင်းဖြစ်ပွားပြီး ၁၂နာရီအတွေင်း ဖမ်းဆီးရမိခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။

လက်နက်ကိုင်ဆောင်ထားတဲ့ အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတဦးတို့ဟာ ပစ္စည်းဟောင်းဆိုင်ပိုင်ရှင် အသက် ၃၀အရွယ် အမျိုးသမီးကို ဖမ်းဆီးခေါ်ဆောင်ဖို့ကြိုးစားခဲ့ခြင်းဖြစ်ပြီး ဆိုင်ပိုင်ရှင်အမျိုးသမီးက ရုန်းကန်ရာမှာတော့ သေနတ်နဲ့ပစ်သတ်ပြီး ကားကိုယူဆောင်မောင်းနှင်သွားတာ ဖြစ်ပါတယ်။ဆက်လက်ပြီးတရားခံတွေရဲ့ ဓါတ်ပုံနဲ့တကွ နောက်ဆက်တွဲအရေးယူမှုများ၊ သက်‌သေခံထွက်ဆိုချက်များကို ဖော်ထုတ်ပြသသွားမယ်လို့လည်း ဆိုပါတယ်။စစ်အာဏာသိမ်းပြီးနောက်၊ ရန်ကုန်၊ မန္တလေးစတဲ့မြို့ကြီးတွေမှာလည်း ဓားပြတိုက်လုယက်မှုတွေ စံချိန်တင်များပြားလာပြီး စစ်ကောင်စီလက်အောက်ခံရဲနဲ့စစ်သားတွေဟာ တရားခံတွေကို ဖမ်းဆိးနိုင်ခြင်းမရှိဘဲ အဆိုပါတရားခံတွေဟာ ၎င်းတို့နဲ့ဆက်နွယ်သူတွေဖြစ်နေတာကို တွေ့ရှိရပါတယ်။

You may have missed