Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
April 8, 2026

ခေါင်းဆောင်မပီသသူတွေလက်အောက်မှာ အသေခံပြီးတာဝန်မထမ်းဆောင်ဖို့ နပခ တိုင်းဦးချုပ် တိုက်တွန်းခဲ့

ရက္ခိုင်ပြည်၊ အမ်းမြိုနယ်၊ အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီရဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော်က တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးနောက်မှာ ဖမ်းဆီးခံထားရတဲ့ နပခ ခေါင်းဆောင်များ၊ ဆေးကုသမှုခံယူနေကြသူများ၊ စသဖြင့်မှတ်တမ်းရုပ်သံဖိုင်တွေ ထွက်ရှိလာခဲ့ပါတယ်။ တဆက်တည်းမှာပဲ ရခိုင်ပြည်တွင်း ကျန်ရှိနေသည့် စစ်ကောင်စီတပ်များအနေနဲ့ ခေါင်းဆောင်မပီသသူတွေလက်အောက်မှာ အသေခံပြီးတာဝန်မထမ်းဆောင်ဖို့ အမြန်လက်နက်ချကြဖို့ ဖမ်းဆီးခံ နပခ တိုင်းဦးစီးချုပ်က ရုပ်သံဖိုင်နှင့်တကွ တိုက်တွန်းစကား ပြောဆိုခဲ့တာပါ။ရခိုင်ပြည်နယ်တွင် နောက်ဆုံးကျန်ရှိနေတဲ့ စစ်တွေ၊ ကျောက်ဖြူနဲ့ မာန်အောင်မြို့နယ်တွေက စစ်ကောင်စီတပ်တွေ AA ထံ အမြန်ဆုံး လက်နက်ချအလင်းဝင်ရန် ဖမ်းဆီးခံရသူ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက ပြောဆိုပါတယ်။၄င်းရဲ့တိုက်တွန်းချက်ထဲမှာ ရခိုင်ပြည်နယ်ရဲ့ ပထဝီဝင် မြေအနေအထားအရ စစ်ကူပေးရန် မဖြစ်နိုင်တော့ကြောင်း၊ ခေါင်းဆောင်မပီသသူများအတွက် အသက်မစတေးကြဘဲ AA နှင့် ဆက်သွယ်၍ အမြန်ဆုံး လက်နက်ချအလင်းဝင်ဖို့သင့်ကြောင်း ပါဝင်ပါတယ်။ ထို့အပြင် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များအနေဖြင့်လည်း ရခိုင်စစ်မျက်နှာတွင် စစ်ရှုံးနေသည်ကို လက်ခံဖို့လိုကြောင်း သတိပေးခဲ့ပါတယ်။လက်အောက်ငယ်သားများ၏ အသက်ကို ငဲ့ညှာသောအားဖြင့် ပြည်သူများကို လေယာဥ်ဖြင့် ဗုံးကြဲခြင်းများ၊ အကြမ်းဖက်ခြင်းများကို ရပ်တန့်ရန်လိုမှာဖြစ်ကြောင်း၊ ထိုသို့မရပ်တန့်လျှင် တပ်မိသားစုဝင်များနှင့် ပြည်သူတွေရဲ့ အမုန်းတရားတွေ နာကျည်းမှုတွေကိုသာ စစ်တပ်အနေနဲ့ မျိုးဆက်အလိုက်ခံစားရမှာကို သိစေချင်တယ်လို့ ထည့်သွင်းပြောဆိုသွားပါတယ်။

အမ်းမြို့သိမ်းတိုက်ပွဲတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ ဒုတိုင်းမှူး ဗိုလ်မှူးချုပ် သောင်းထွန်း၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်း၊ ဆက်သွယ်ရေးအရာရှိ ဗိုလ်ကြီး အောင်စစ်နိုင်နှင့် ရုံးအုပ်ချုပ်ရေးမှူး အရာခံဗိုလ် အေးသိန်းတို့ကို အာရက္ခတပ်တော် (AA) က အရှင်လက်ရ ဖမ်းဆီးခဲ့ပြီး၊ မောင်တောအခြေစိုက် (နခခ-၅) မှ ထွတ်ပြေးလွတ်မြောက်ခဲ့သော တပ်မမှူး ဗိုလ်မှူးကြီး အောင်နေမျိုးကိုလည်း ဒီဇင်ဘာ ၁၇ ရက်နေ့က အခေါက်ရွှေတုံး၊ ရွှေထည်အချို့အပါအဝင် ငွေသားကျပ်သိန်း (၈၀၀) ခန့်နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း AA ကထုတ်ပြန်ခဲ့ပါတယ်။ ဆက်လက်ပြီးတော့လည်း ရခိုင့်တပ်တော် AA သည် ဂွမြို့ကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ရခိုင်ပြည်နယ်အတွင်း နောက်ဆုံးကျန်နေသော စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင်မြို့များတွင်လည်း စစ်ရေးတင်းမာတဲ့အခြေအနေရောက်ရှိနေပါပြီ။နောက်ဆုံးရရှိတဲ့ သတင်းတွေအရဆိုရင်လည်းရခိုင်ပြည် ၊ စစ်တွေမြို့ ဒကစ တပ်နယ် ထဲက ကျားမသောက် စစ်ဆေးရေး ဂိတ်ကို ဒီကနေ့ ဒီဇင်ဘာ ၂၇ ရက်မနက် ပိုင်းက အာရက္ခတပ်တော်က လက်နက်ကြီးနဲ့ စတင်ပစ်ခတ်ခဲ့ပြီး အဲ့ဒီအနီးဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ သတင်းရရှိပါတယ်။

(ဒကစ) လက်အောက်မှာရှိတဲ့ တပ်နယ် ကျေးရွာတွေဖြစ်တဲ့ ကျောက်တန်းကြီး၊ ကျားမသောက် ၊ ကျောက်တန်းချေ ကျေးရွာတွေမှာ နှစ်ဖက်တိုက်ပွဲတွေ စတင်ဖြစ်လာပါတယ်။ “ရန်ကုန်-စစ်တွေ ကားလမ်းပေါ် က ကျားမသောက် စစ်ဆေးရေးဂိတ်ကို မနေ့က လက်နက်ကြီး နဲ့ ပစ်တယ် ၊ ဒီနေ့တော့ လက်နက်ငယ်နဲ့ အပြန်အလှန်တိုက်ပွဲဖြစ်ကြလို့ ရွာသားတွေ ထွက်ပြေနေကြပါပြီလို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ နှစ်ဖက် လက်နက်ကြီးလက်နက်ငယ် ပစ်ခတ်မှုတွေကြောင့် ကျောက်တန်းကြီး ၊ ကျောက်တန်းငယ်ကျေး ၊ ကျားမသောက်ကျေးရွာ တွေမှာ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။ကျားမသောက် စစ်ဆေးရေးဂိတ်ဟာ စစ်ကောင်စီတပ်သာမက ရဲ ၊ လဝက စတဲ့ အဖွဲ့ပေါင်းစုံတို့ နေရာယူထားပြီး လက်နက်ကြီး အထိုင်လည်းချထားတဲ့ ဂိတ်ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာတော့ အာရက္ခတပ်တော် အေအေဟာ ပုဏ္ဏားကျွန်း၊ ပေါက်တော ၊ ရသေ့တောင် မြို့တို့ကို သိမ်းပိုက်ပြီးနောက်မှာ စစ်တွေမြို့ကို ကုန်းတွင်း ဘက်က ဝန်းရံပိတ်ဆို့ ထားပြီးဖြစ်ပါတယ်။

You may have missed