Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
November 7, 2025

ရခိုင်ပြည်နယ်အတွင်း တပ်ထုတ် နဲ့ ပြည်ပထုတ် အရက်ဘီယာတွေကို AA အာဏာပိုင်အဖွဲ့ ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့မြို့နယ်တချို့မှာ ဒေသဆိုင်ရာ ရက္ခိုင်ပြည်သူ့အာဏာပိုင် အဖွဲ့က အာရက္ခဒေသအတွင်း စစ်ကောင်စီထုတ်နဲ့ ပြည်ပကထုတ်လုပ်တဲ့ အရက်ဘီယာတွေကို ကွင်းဆင်းစစ်ဆေးမှုတွေလုပ်ဆောင်ခဲ့တယ်လို့ ဒေသတွင်းမီဒီယာတွေဖော်ပြပါတယ်။အခုရက်ပိုင်းအတွင်း ဒေသထွကုန်ကလွဲလို့ ပြည်ပနဲ့ စစ်တပ်ထုတ်အရက်ဘီယာမှန်သမျှကို AA ထိန်းချုပ်ရာမြို့နယ်တွေမှာ အာရက္ခပြည်သူ့လုံခြုံရေး, တရားဥပဒေစိုးမိုးရေးနဲ့ အုပ်ချုပ်ရေး တာဝန်ရှိသူတွေက သိုလှောင်၊ ဖြန့်ဖြူး၊ ရောင်းချတဲ့ ဆိုင်တွေနဲ့ စားသောက်ဆိုင်ပါမကျန် တဆိုင်ဝင်တဆိုင်ထွက်လိုက်လံရှာဖွေဖမ်းဆီးစစ်ဆေးနေတယ်လို့သိရပါတယ်။ပြင်ပအရက်ရောင်းချတဲ့ဆိုင်တွေကို ပထမအကြိမ်သတိပေးပြီး ပစ္စည်းတွေ သိမ်းဆည်းခဲ့သလို နောက်နောင်တရားမဝင်အရက်သေစာတွေ ရောင်းချတာကိုတွေ့ရှိပါက အရေးယူသွားမယ်လို့ ဆိုပါတယ်။ရခိုင်ပြည်နယ်မှာ မြို့နယ် ၁၇ မြို့နယ်အနက် ၁၃ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထိန်းချုပ်ထားပြီးဖြစ်တာကြောင့် အာရက္ခတပ်တော် AA ရဲ့ အုပ်ချုပ်ရေးယန္တရားနဲ့ လုပ်ဆောင်နေတာဖြစ်ပါတယ်။

You may have missed