ချင်းပြည်နယ် မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ မြို့စောင့်တပ်ဖြစ်တဲ့ ခလရ ၂၇၄က စခန်းစွန့်ပြေးတဲ့ တပ်နဲ့မိသားစုဝင် ၁၂ဦးကို ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ဗျူဟာ (၈၁) ယောဗျူဟာက ဒီနေ့ ဒီဇင်ဘာ ၂၇ရက်မှာ သတင်းထုတ်ပြန်ပါတယ်။မင်းတပ်မြို့ ခလရ (၂၇၄) ကနေ စစ်ရှုံးပြီး စခန်းစွန့်ခွါ ထွက်ပြေးလာကြတဲ့ တပ်ကြပ် ဆန်းဦးအပါအဝင် တပ်သား ၈ဦးနဲ့ မိသားစုဝင် ၄ဦး စုစုပေါင်း (၁၂) ဦးကို ယောဗျူဟာက ဖမ်းဆီး ထိန်းသိမ်းထားတာ ဖြစ်ပါတယ်။၎င်းတို့နှင့်အတူ စစ်သုံးပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ထုတ်ပြန်ထားတဲ့ ဓာတ်ပုံမှတ်တမ်းတွေမှာ တွေ့ရပါတယ်။
မင်းတပ်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ဦးနဲ့ မိသားစုဝင်တွေ လက်နက်ချအညံ့ခံခဲ့တယ်လို့ CDF မင်းတပ်က သတင်းထုတ်ပြန်ထားပါတယ်။မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ချင်းညီနောင် တပ်မတွေနဲ့ မဟာမိတ်တွေဖြစ်တဲ့ Yaw Defense Force (YDF)၊ Yaw Army (YA)၊မုံရွာခရိုင်တပ်ရင်း(၃)တို့က နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ၂၁ရက်နေ့မှာ မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ