Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
February 14, 2026

မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ထွက်ပြေးခဲ့တဲ့ စစ်ကောင်စီတပ်သားများကို ဖမ်းဆီးမိခဲ့

မင်းတပ်မြို့သိမ်းတိုက်ပွဲအဖြစ် ခလရ ၂၇၄ တပ်ရင်းကို ဒီဇင်ဘာလ ၂၁ ရက်နေ့တွင် ချင်းညီနောင်အဖွဲ့နှင့် မဟာမိတ်များက တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ထွက်ပြေးသွားတဲ့ စစ်တပ် မိသားစုဝင်များ အပါအဝင် စစ်ကောင်စီ တပ်သား ၁၂ ဦးကို ဖမ်းဆီးရမိကြောင်း သတင်းရရှိပါတယ်။ဒီသတင်းကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ဗျူဟာအမှတ်- ၈၁ ယောဗျူဟာမှ တာဝန်ရှိသူ တစ်ဦးက ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ စခန်း စွန့်ခွာထွက်ပြေး ထွက်ပြေးလာသူများမှာ မင်းတပ်မြို့ ခလရ ၂၇၄ တပ်ရင်းမှ တပ်သား ခိုင်မင်းအောင်၊ တပ်သား ဝင်းနိုင်စိုး ၊ ဒုတပ်ကြပ် သန့်ဇင်ထွန်း၊ တပ်ကြပ် ဆန်းဦး၊ ဒုတပ်ကြပ် အောင်မျိုးထွန်း၊ တပ်သား ကျော်ဇင်လတ် ၊ စန္ဒာဝင်း (မှီခို) နှင့် ကလေးဖြစ်သူ၊ ဇော်မျိုးထက်၊ ထက်နေဝင်း၊ သန့်ဇင်ထူး ၊ တပ်သား ဇော်မျိုးလှိုင်နှင့် တပ်သား လီဂျေ တို့ ဖြစ်ကြောင်း သိရပါတယ်။”ဖမ်းဆီးရမိတဲ့ သုံ့ပန်းတွေကိုတော့ ခရိုင် ကွပ်ကဲရေးရဲ့ အစီအမံနဲ့ပဲ ကျွန်တော်တို့ ဆက်လက်ပြီး လုပ်ဆောင်သွားမှာပါ။ သူတို့ကို ဒီဇင်ဘာ ၂၄ ရက်နေ့နဲ့ ၂၅ ရက်နေ့မှာ ဖမ်းဆီး ရရှိခဲ့တာပါ။ ဆောမြို့နယ်၊ ရေရှည်ကျေးရွာအနီးမှာပဲ ၂၄ ရက်နေ့မှာ ပထမ ၁၀ ဦးဖမ်းမိတယ်။ ၂၅ ရက်နေ့မှာ နောက်ထပ် ၂ ဦး ဖမ်းဆီးရရှိတာပါ” လို့ ဗျူဟာအမှတ်- ၈၁ ယောဗျူဟာမှ အသိပေးထားပါတယ်။

ဖမ်းမိတဲ့ သုံ့ပန်းများနှင့်အတူ စစ်သုံးပစ္စည်းအချို့ကိုလည်း ဓာတ်ပုံမှတ်တမ်းများဖြင့်ထုတ်ပြန်ခဲ့ကြတာ တွေ့ရမှာပါ။ မင်းတပ်မြို့သိမ်းတိုက်ပွဲကို ချင်းညီနောင်စစ်ဆင်ရေး (Operation CB) အဖြစ် ချင်းညီနောင် တပ်များနှင့်မဟာမိတ်များဖြစ်ကြသည့် (YDF)၊ Yaw Army (YA)၊မုံရွာခရိုင်တပ်ရင်း(၃)တို့က နိုဝင်ဘာလ ၉ ရက်နေ့မှ စတင်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ၂၁ရက်နေ့တွင် မြို့ကိုအပြီးသတ် သိမ်းပိုက်နိုင်ခဲ့ကြပါပြီ။သိမ်းယူခြင်းတိုက်ပွဲအပြီးမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၂၃ဦးနှင့် မိသားစုဝင်များ လက်နက်ချအညံ့ခံခဲ့ကြပါတယ်။ ၃၀ ထက်မနည်း ထွက်ပြေးလွတ်မြောက်သွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှသိရပြီး ကျောက်ထုအမြောက်တပ်သို့ ဦးတည်၍ ထွက်ပြေးသွားစဉ် ချင်းညီနောင်နှင့်မဟာမိတ်များက အခုစစ်သုံ့ပန်းတွေကို ပိတ်ဆို့ဖမ်းဆီးခဲ့ခြင်းဖြစ်ပါသည်။

You may have missed