ရခိုင်ပြည်နယ်။ အမ်းအခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ကို သိမ်းပိုက်ခဲ့တဲ့စစ်ဆင်ရေးမှတ်တမ်းတွေနဲ့ ဖမ်းဆီးခံထားရတဲ့ ဗိုလ်မှူးချုပ်အဆင့်ရှိ ဒုတိုင်းမှူး၊ တိုင်းဦးစီးချုပ်အပါအဝင် စစ်သုံ့ပန်းတွေရဲ့ အခြေအနေကိုရုပ်သံမှတ်တမ်းတွေနဲ့အတူ အာရက္ခတပ်တော် AA က ဒီဇင်ဘာလ ၂၆ ရက်ညပိုင်းမှာ ထုတ်ပြလာပါတယ်။အဆိုပါရုပ်သံဖိုင်အတွင်း နပခ တ်ိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ် ကျော်ကျော်သန်းက စစ်ခေါင်းဆောင်မင်းအောင်လှိုင်အနေနဲ့ မြေပြင်မှာ စစ်ရှုံးနေတာကိုလက်ခံပြီး တပ်မတော်သားတွေရဲ့ အသက်ကို ငဲ့ဖို့နဲ့ ပြည်သူအပေါ် ဗုံးကြဲတာတွေရပ်တံ့ဖို့ ၊ ဆက်လုပ်မယ်ဆိုပါက တပ်မတော်သားတွေနဲ့ပြည်သူတွေရဲ့ နာကြည်းမှုကိုသာ မျိုးဆက်အလိုက်ရရှိခံစားရမယ်လို့ နေပြည်တော်ရှိစစ်ခေါင်းဆောင်တွေကို သတင်းစကားပါးခဲ့ပါတယ်။
“ဗိုလ်မှူးချုပ်ကြီးအနေနဲ့ မြေပြင်ကတပ်မတော်သားတွေရဲ့အသက်တွေဘဝတွေကို ငဲ့ညှာသောအားဖြင့် ရခိုင်ပြည်နယ်မှာ စစ်ရှုံးနေတာကိုလက်ခံပေးပါ။ ပြည်သူလူထုကိုဗုံးကြဲတာနဲ့အကြမ်းဖက် တာတွေရပ်တန့်ပေးပါ။ ဆက်လုပ်မယ်ဆိုရင် တပ်မိသားစုတွေနဲ့ ပြည်သူတွေရဲ့နာကြည်းမှုတွေကိုပဲ မျိုးဆက်အလိုက် ရရှိခံစားရမယ်လို့သိစေချင်ပါတယ်”လို့ သူက စစ်ခေါင်းဆောင်တွေကို သတင်းစကားပါး တောင်းဆိုခဲ့တာဖြစ်ပါတယ်။လက်အောက်ငယ်သားတွေအနေနဲ့ ခေါင်းဆောင်မှုမပီသသူတွေရဲ့အောက်မှာ အသေခံပြီး တာဝန်ထမ်းဆောင်မှုမလုပ်ဖို့နဲ့ အာရက္ခတပ်တော် ထံ အမြန်ဆုံးဆက်သွယ်ပြီး အလံဖြူထောင်အလင်းဝင်ရောက်ကြဖို့ တိုက်တွန်းသွားပါတယ်။၎င်းအနေနဲ့လည်း အာရက္ခတပ်တော်ရဲ့စောင့်ရှောက်မှုအောက်မှာ ကောင်းမွန်စွာနေထိုင်နေရတယ်လို့ မိသားစုကို သတင်းစကားပါးသွားပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ