Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
April 8, 2026

မတ္တရာမှာ စစ်ကောင်စီ လက်နက်ကြီးကြောင့် ကလေးငယ် ၂ဦးသေဆုံး

မန္တလေးတိုင်း၊ မတ္တရာမြို့နယ် ထန်းတောကုန်းရွာမှာ စစ်ကောင်စီတပ်က ပစ်လွှတ်လိုက်တဲ့လက်နက်ကြီးကြောင့် ကလေးငယ် ၂ဦးသေဆုံးပြီး ပြည်သူ ၃ဦးဒဏ်ရာရရှိသွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က သတင်းထုတ်ပြန်ပါတယ်။ဒီနေ့ ဒီဇင်ဘာလ (၂၆) ရက် ညနေ ၃နာရီ မိနစ် ၂၀ခန့်မှာ စစ်ကောင်စီတပ်က ပစ်လွှတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မတ္တရာမြို့နယ် ၊ ထန်းတောကုန်းကျေးရွာ ဘုန်းကြီးကျောင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက် စစ်ကောင်စီရဲ့ မဆင်မခြင် လက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးငယ် (၂) ဦး အသက်ဆုံးရှုံးခဲ့ရပြီး ပြည်သူ (၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ စစ်ကောင်စီဟာ စစ်ရှုံးလာတာနဲ့အမျှ ပြည်သူကို ပစ်မှတ်ထားပြီး စစ်ရာဇဝတ်မှုများကို အကြိမ်ကြိမ် ကျူးလွန်နေတယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) နဲ့ အကြမ်းဖက် စစ်ကောင်စီတပ်များအကြား မတ္တရာမြို့နယ် ၊ သပိတ်ကျင်းမြို့နယ် နဲ့ နောင်ချိုမြို့နယ်တို့မှာ တိုက်ပွဲတွေဖြစ်ပွားနေတယ်လို့ အသိပေးထားပါတယ်။

You may have missed