စစ်ကိုင်းမြို့ တပ်မ ၃၃ မှ ထွက်လာတဲ့ စစ်ကောင်စီယာဉ်တန်းဟာ တော်လှန်ရေးတပ်များရဲ့ မိုင်းဆွဲခြင်းကိုခံရပြီးနောက် မိုင်းရှင်းဖို့ အိမ်စီးကား ၃ စီးထပ်မံရောက်ရှိလာပါတယ်။ ဒီဇင်ဘာ ၂၃ ရက်နေ့ နေ့လည်ပိုင်းက အဆိုပါဖြစ်စဉ်မှာတော့ တောတွင်းတွတ်ပီ ဒေသကာကွယ်ရေးအဖွဲ့တွေ ဝိုင်းပစ်ရာမှာ စစ်ကောင်စီဘက်က ၁၂ ဦးထိသေဆုံးတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ တိုက်ပွဲက မွန်းလွဲ ၂ နာရီထိကြာခဲ့ပြီး ရန်သူများသေဆုံးမှုများပေမယ့် အချိန်မမီတာကြောင့် လက်နက်များ ကောက်ယူနိုင်ခြင်းတော့ မရှိခဲ့ပါဘူး။ ဒါ့အပြင် လက်နက်ကောက်ယူဖို့ကြိုးစားနေစဉ်မှာ ကားဘေးမှာပုန်းနေတဲ့ စစ်ကောင်စီ စခ တဦး ချောင်းပစ်လို့ တော်လှန်ရေးရဲဘော်တဦးလည်းကျဆုံးသွားရပါတယ်။ စစ်ကောင်စီဘက်က တပ်ကူအင်အားများလို့ အလောင်းကောက်ချိန်လည်း မရလိုက်ကြပါဘူး။ စစ်ခွေးဘက်က ခွေး၁၂ ကောင်လောက်သေတယ်။ ဒဏ်ရာ အတော်ရသွားကြောင်း၊ လက်နက်ရခါနီးမှ တပ်ကူတွေ ရောက်လာတာပါ တိုက်ပွဲဖြစ်တဲ့ နေရာက စစ်ခွေး အထိုင်ချ တပ်ဆွဲထားတဲ့ အဖွဲ့နဲ့လည်း နီးတယ်။ ၆၀၀၅ တပ်ကလည်း ရှိတယ်။ လေ့ကျင့်ရေး ၁၆ ကလည်း နီးတော့ စစ်ခွေးတွေ အလျင်အမြန်ရောက်လာတာ” ဖြစ်တဲ့အကြောင်း တောတွင်းတွတ်ပီအဖွဲ့တာဝန်ရှိသူတဦးက ပြောပြပါတယ်။ တိုက်ပွဲကို Taw Twin Tup Pee Local ၊ @Generation Z Power၊ စစ်ကိုင်းမြို့နယ်ပကဖ ၊ Phoenix (sgg) နှင့် BRA (LDF) တို့က ပူးပေါင်း တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။
More Stories
မဲပလီစခန်းက ဒုတပ်ရင်းမှူး ဗိုလ်မှူးခန့်နိုင်၊ ဗိုလ်ကြီးဇော်မင်းအပါ ၄၀ကျော်သေဆုံးပြီး စစ်ဦးစီး(တတိယတန်း)G3 ဗိုလ်ကြီးသော်တာအပါအဝင် စစ်သုံ့ပန်း(၂၇)ဦးဖမ်းမိ
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ