Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
February 18, 2026

မောင်တောမြို့ မှာ ARSA အဖွဲ့က ဈေးဝယ်ခရီးသွားကားကို ခြုံခိုတိုက်ခိုက်လို့ အမျိုးသမီး ၁ဦးသေဆုံး

မောင်တောမြို့ ကြိမ်ချောင်းရွာနဲ့ တောင်ပြိုကြားမှာ အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ARSA တပ်ဖွဲ့ဝင်တွေက ဈေးကားကို ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကားပေါ်ပါအမျိုးသမီး ၁ဦးသေဆုံးခဲ့ကြောင်း အရက္ခတပ်တော် AA က ဒီနေ့ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။ဒီဇင်ဘာ ၂၄ရက်နေ့ ညနေ ၄နာရီ ၄၀မိနစ်အချိန်မှာ မောင်တောမြို့၊ ကြိမ်ချောင်းကနေ တောင်ပြိုဘက်ကို ဈေးသွားဝယ်တဲ့ အရပ်ဘက် ခရီးသည်ကားတစ်စီးကို အင်အား (၂၅) ဦးခန့်ပါ ARSA တပ်ဖွဲ့ဝင်တွေက ခြုံခိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ကားပေါ်ပါ စေတနာ့ဝန်ထမ်း အမျိုးသမီး၊ စျေးဝယ်အမျိုးသမီး စုစုပေါင်း (၁၆) ဦးထဲမှ တစ်ဦးသေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။၎င်း ARSA တပ်ဖွဲ့ဝင်တွေ ခြုံခိုတိုက်ခိုက်ရာက ခဲယမ်းအချို့နဲ့ အသုံးဆောင်ပစ္စည်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံကိုလည်း AA က ထုတ်ပြန်ထားပါတယ်။ဒဏ်ရာရရှိသောသူတွေကို အာရက္ခတပ်တောက ကျန်းမာရေးစောင့်ရှောက်မှုပေးနေပြီး အရပ်ဘက် ပြည်သူတွေကို အကြမ်းဖက်တိုက်ခိုက်ခဲ့တဲ့ ARSA အကြမ်းဖက်အဖွဲ့ကို အာရက္ခ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒုတိယနေ့အဖြစ် လိုက်လံရှာဖွေနေတယ်လို့ သိရပါတယ်။

You may have missed