Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
December 9, 2025

ဗန်းမော်မြို့က တပ်စခန်းအများအပြားကို KIA သိမ်းပိုက်ထားပြီး လက်နက်ခဲယမ်းတွေရရှိ၊စကခ ၂၁တပ်မှူးနဲ့ ဒုတပ်မမှူးတို့ ပုန်းအောင်းခုခံနေ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စွဲထားတဲ့ ဗန်းမော်နည်းပညာတက္ကသိုလ် အပါအဝင် တပ်စခန်းအများစုကို ဆက်တိုက်သိမ်းပိုက်နေပြီး စကခ ၂၁တပ်မှူး နဲ့ အရာရှိအချို့မှာ ပုန်းအောင်းခုခံနေတယ်လို့ ကချင်စစ်ရေးသတင်းအရင်းမြစ်တွေထံက သိရပါတယ်။ဗန်းမော်မြို့ကို ဒီဇင်ဘာ ၄ရက်နေ့ကစတင်ပြီး KIA က ထိုးစစ်ဆင်ခဲ့ရာ ဒီဇင်ဘာ ၇ရက်မှာ ဗန်းမော်ထောင်လဲပွင့်သွားခဲ့ပြီး ဌာနဆိုင်ရာစုပေါင်းရုံးနဲ့ စခန်းအချို့ကိုသိမ်းပိုက်ခဲ့သလို စစ်ကောင်စီတပ်တွေ တပ်စွဲထားတဲ့ ဗန်းမော်နည်းပညာတက္ကသိုလ်ကို ဒီဇင်ဘာ ၂၂ ရက်မှာ ထိန်းချုပ်လိုက်ပြီး စစ်ကောင်စီတပ်သားအချို့ထွက်ပြေးသွားခဲ့ပါတယ်။ဗန်းမော်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၂၁)ကို KIA က ထိုးစစ်ဆင်နေဆဲဖြစ်ပြီး KIA က လက်နက်ချဖို့ ပြောနေပေမယ့် တပ်မမှူးဗိုလ်မှူးချုပ် တင်မင်းလတ်နဲ့ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီး ထွဋ်ခေါင် အဖမ်းမခံရရေး နေရာရွှေ့ခုခံနေတာလို့ သိရပါတယ်။

ဗိုလ်မှူးချုပ်တင်မင်းလတ်ဟာ ၂၀၁၆နဲ့ ၂၀၁၇က ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသမှာ ရိုဟင်ဂျာတွေကို လူမျိုးတုန်းသတ်ဖြတ်မှုအတွက် ICC မှာ တရားရင်ဆိုင်ရမယ့် အဓိကတာဝန်ရှိသူတစ်ဦးဖြစ်တယ်လို့ သိရပါတယ်။ဒီဇင်ဘာ ၂၄ရက်နေ့ကလည်း ဗန်းမော်မြို့ပြင်ရှိ ကာကင်းစခန်းတွေကို KIA က ရှင်းလင်းခဲ့ရာ စစ်ကောင်စီအလောင်း ၈လောင်းခန့်နဲ့ လက်နက်များ ရရှိခဲ့တယ်လို့သိရပါတယ်။ဗန်းမော်နဲ့အတူ တရက်ထဲ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ မံစီမြို့သိမ်းတိုက်ပွဲမှာလည်း မနေ့က ဒီဇင်ဘာ ၂၅ရက်နေ့ထိ တိုက်ပွဲတွေပြင်းထန်နေပြီး မံစီမြို့က စစ်တပ်စခန်းအချို့ကို KIA က သိမ်းပိုက်ထားကာ ခမရ ၃၁၉က တပ်ရင်းမှူးနဲ့အဖွဲ့ လက်နက်ချမှုတွေရှိနေသလို ဗျူဟာမှူး ဗိုလ်မှူးကြီးအောင်ငြိမ်းချမ်း စနိုက်ပါထိမှန်သေဆုံးခဲ့တယ်လို့ ကနဦးသိရှိရပါတယ်။

You may have missed