Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 24, 2025

လောင်းလုံး၊ ကျောက်နီမော်ရွာကို တော်လှန်ရေးတပ်တွေဝင်ရောက်တိုက်ခိုက်နေပြီး စစ်တပ်ကအပြင်းအထန်ခုခံနေ

တနင်္သာရီတိုင်း၊ လောင်းလုံးမြိုန့ယ်၊ ကျောက်နီမော်ရွာရှိစစ်ကောင်စီတပ်စခန်းတွေကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်ကအပြင်းအထန်ခုခံနေရတယ်လို့သိရပါတယ်။ဒီဇင်ဘာ ၂၃ ရက်နေ့ မနက်ပိုင်းကစတင်ပြီး ကျောက်နီမော်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီနဲ့ ပြည်သူ့စစ်ပူးပေါင်း တပ်စခန်းတွေကို တော်လှန်ရေးအင်အားစုပူးပေါင်းတပ်ဖွဲ့က အင်အားအလုံး အရင်းနဲ့ ဝင်ရောက်တိုက်ခိုက်နေတာလို့သိရပါတယ်။ဒီဇင်ဘာ၂၄ရက်ထိ၂ရက်ဆက်တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်ကကြည်း၊ရေ၊လေကနေခုခံနေရတယ်လို့သိရပါတယ်။စစ်ကောင်စီဟာလေကြောင်းအပြင် ရေယာဉ်တွေကပါလက်နက်ကြီးပစ်ခတ်နေပြီး ကျောက်နီမော်၊ အောက်ကျောက်ဝပ်၊ ကျောက်ဝပ်ပြင်ကျေးရွာတို့က ဒေသခံပြည်သူ တစ်ထောင်နီးပါးဟာ ရေကြောင်း၊ကုန်းကြောင်းကနေထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။အဆိုပါကျေးရွာမှာစစ်ကောင်စီတပ်စခန်း၃ခုသာရှိပြီးစစ်ကောင်စီဟာရေလမ်းကနေစစ်ကူအင်အားအများအပြားပို့ဆောင်ထားတယ်လို့သိရပါတယ်။

You may have missed