ယောဒေသလွတ်မြောက်ရေး စစ်ရှိန်မြှင့်မယ်လို့ မတူပီမြို့နဲ့မင်းတပ်မြို့သိမ်းတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ယောတပ်တော်-YAက မနေ့ကဒီဇင်ဘာ၂၄ရက်မှာကြေညာပါတယ်။အိမ်နီးချင်း ချင်းပြည်နယ်ရဲ့လွတ်မြောက်မှုဟာယောဒေသ ပြည်သူတွေရဲ့လုံခြုံမှုဖြစ်ပြီး ၊ ယောဒေသလွတ်မြောက်မှုဟာလည်းအိမ်နီးချင်းမဟာမိတ်တွေအတွက် လုံခြုံမှုဖြစ်တယ်လို့ဆိုပါတယ်။ယောဒေသလွတ်မြောက်ရေး ကြိုးပမ်းရာမှာယောဒေသရှိ ဂန့်ဂေါ ၊ ကျော၊ ထီးလင်း၊ ကျောက်ထု၊ ဆော၊ လောင်းရှည်စတဲ့ဒေသတွေကျုံးဝင်တယ်လို့သိရပါတယ်။
YAဟာ အာရက္ခတပ်တော်(AA) ၊ချင်းညီနောင်၊ ယောကာကွယ်ရေးတပ် (YDF) အပြင်အခြား မဟာမိတ်တွေနဲ့အတူပူးပေါင်းပြီး မတူပီအခြေချ စစ်ဗျူဟာတွေနဲ့ မင်းတပ်မြို့ ခလရ(၂၇၄)နဲ့ မင်းတပ်မြို့မရဲစခန်း သိမ်းတိုက်ပွဲတွေမှာပါဝင်တိုက်ခိုက်ခဲ့တယ်လို့အသိပေးထားပါတယ်။စစ်ဆင်ရေးတစ်လျှောက် မဆုတ်မနစ်တဲ့ ဇွဲသတ္တိတို့နဲ့တိုက်ပွဲဝင် ပေးဆပ်ခဲ့တဲ့ထိခိုက်ကျဆုံး အာဇာနည်များ ၊အောင်ပွဲရတပ်မှူးများ နဲ့ ရဲဘော်များအားလုံးရဲ့ဆင့်ကဲအမိန့်နာခံမှုကောင်းမွန်ခြင်း ၊ လက်ရုံးရည်၊နှလုံးရည်ပြည့်ဝခြင်း တို့ကိုအထူးပင် လေးစားဂုဏ်ယူ အလေးပြုကြောင်းလည်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
More Stories
စစ်တပ်က ဖမ်းဆီးခြင်းကို ခံထားရတဲ့ပြည်သူ တစ်ဦး လက်နက်တွေပါယူဆောင်ပြီး တော်လှန်ရေးတပ်တွေထံ အပ်နှံလို့ သိန်းတစ်ရာချီးမြှင့်၊ပခုက္ကူ တပ်မ ၁၀၁က တပ်သားသစ်စုဆောင်းခံရသူတစ်ဦး လက်နက်တွေနဲ့အလင်းဝင်လာလို့ သိန်း ၁၀၀နဲ့ ဖုန်း ၁လုံးချီးမြှင့်
ငဖဲရှိ ဂုတ်စည်းရိုးစခန်းကို AA သိမ်းပိုက်၊ မအလ ဇာတိ မင်းဘူးမြို့ထိ တိုက်ပွဲနီးကပ်လာ
တိုက်ပွဲသတင်းများ