Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
March 15, 2025

နပခကိုသိမ်းပိုက်မှုနဲ့ ရခိုင်တပြည်လုံးလွတ်မြောက်တော့မယ့်အောင်ပွဲကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၄ ခုက ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့

ရခိုင်ပြည်နယ်၊အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အာရက္ခတပ်တော်AAကသိမ်းပိုက်နိုင်မှုနဲ့ ရခိုင်တပြည်လုံးလွတ်မြောက်တော့မယ့်အောင်ပွဲကို တိုင်းရင်းသားတော်လှန်ရေးအဖွဲ့ ၄ ခုက ဂုဏ်ယူကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြပါတယ်။လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့တွေဖြစ်တဲ့ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)၊ ပအိုဝ်းအမျိုးသားဖက်ရယ်ကောင်စီ (PNFC) ၊ မွန်ပြည်သစ်ပါတီ-စစ်အာအာရှင်ဆန့်ကျင်ရေး (NMSP-AD)နှင့် မွန်ပြည်ဖက်ဒရယ်ကောင်စီ (MSFC) တို့က ဒီနေ့ ဒီဇင်ဘာလ ၂၅ ရက်နေ့ မှာသဝဏ်လွှာပေးပို့ခဲ့ကြတာဖြစ်ပါတယ်။အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို သိမ်းပိုက်နိုင်ခြင်းနဲ့အတူ မကြာမီကာလမှာ ရက္ခိုင်တစ်ပြည်လုံးရှိ စစ်ကောင်စီတပ်တွေ ကင်းစင်ပပျောက်သွားအောင် အာရက္ခတပ်တော် (AA) ရဲ့ ဆက်လက်တိုက်ပွဲဝင်မှုနဲ့ ရဲစွမ်းသတ္တိကို ဂုဏ်ပြုပါကြောင်း သဝဏ်လွှာမှာပြောဆိုထားပါတယ်။

စစ်အာဏာရှင်စနစ်အောက်ကနေ ပထမဦးဆုံးလွတ်မြောက်မယ့် ရက္ခိုင်ပြည်ရဲ့ အလားအလာကောင်း များနဲ့အတူ ရက္ခိုင်ပြည်လွတ်မြောက်ရေးမှာသာရပ်တန့်မနေဘဲ တစ်နိုင်ငံလုံးရှိ ဗမာအပါအဝင် ဘဝတူ အဖိနှိပ်ခံ တိုင်ရင်းသားလူမျိုး အသီးသီးရဲ့လွတ်မြောက်ရေးတိုက်ပွဲများနဲ့ အပြန်အလှန်ဆက်စပ်ပြီး ပြည်သူ လူထုတစ်ရပ်လုံး အဖိနှိပ်ခံဘဝမှ လွတ်မြောက်ရေးအတွက် ULA/AA က နိုင်ငံရေးအမြင်ကျယ်စွာဖြင့် ပူးပေါင်းဆောင်ရွက်နေတာကိုလည်း အထူးပင်ဂုဏ်ယူရတယ်လို့ဆိုပါတယ်။အဆိုပါ၄ဖွဲ့အနေနဲ့လည်း “တစိတ်တပိုင်း လွတ်မြောက်ရုံဖြင့် အားလုံးမလွတ်မြောက်နိုင်၊ အားလုံး လွတ်မြောက်မှသာ လွတ်မြောက်မှုအစစ်အမှန်ကို အပြည့်အဝ ရရှိမည်၊ ယခုအောင်ပွဲသည် ရက္ခိုင်ပြည်သူတို့၏ အောင်ပွဲဖြစ်သကဲ့သို့ တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထု တစ်ရပ်လုံး၏ အောင်ပွဲလည်းဖြစ်သည်”လို့ ခံယူထားပြီးသူ့အရေး ကိုယ့်အရေး၊ အားလုံးလွတ်မြောက်ရေးအတွက် စုပေါင်း တိုက်ပွဲဝင်နေကြတယ်လို့အသိပေးထားပါတယ်။

MNTJP/MNDAA, PSLF/TNLA နဲ့ ULA/AA ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ နှစ်သစ်ကူးကြေညာချက်မှာ“မိမိတို့အားလုံးနှင့် မြန်မာပြည်သူတစ်ရပ်လုံး မျှော်မှန်းထားသော ဘုံရည်မှန်းချက်များ ပြည့်ဝစေရန်၊ လက်ရှိအခြေအနေကို အကောင်းဆုံး ကျော်လွှားနိုင်ရန်နှင့် စစ်အာဏာရှင် စနစ်ကို တိုက်ထုတ်နိုင်ရန်အတွက် လုပ်သင့်လုပ်ထိုက်သည်များကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ကြောင်း” ဖော်ပြခဲ့ပြီးအဆိုပါဖော်ပြချက်နဲ့အညီ ပြည်ထောင်စုတဝန်းလုံးမှာ ၁၀၂၇ စစ်ဆင်ရေး ပထမလှိုင်း၊ ဒုတိယလှိုင်းလုံးများနဲ့အတူ လူထုတော်လှန်ရေးရဲ့အောင်ပွဲအဆင့်ဆင့်ကို ရရှိခဲ့ပြီး စစ်အုပ်စုရဲ့ ရှုံးနှိမ့်မှုများကိုလည်း ပီပီပြင်ပြင် တွေ့မြင်နေရပြီလို့ဆိုပါတယ်။တိုင်းရင်းသားလူမျိုးပေါင်းစုံ ပြည်သူလူထုအားလုံး လိုလားတဲ့ စစ်အာဏာရှင်စနစ်အပြီးတိုင် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး ဘုံလုပ်ငန်းစဉ်မှာ ညီနောင် မဟာမိတ်သုံးဖွဲ့ အပါအဝင် ဘဝတူညီနောင်တော်လှန်ရေးအင်အားစုများနဲ့အတူ ခိုင်ခိုင်မာမာ လက်တွဲ တိုက်ပွဲဝင်သွားမယ်လို့ကတိပြုပြောဆိုထားပါတယ်။

You may have missed