Categories

December 2024
M T W T F S S
 1
2345678
9101112131415
16171819202122
23242526272829
3031  
May 24, 2025

ဖလမ်းတမြို့လုံးနီးပါး ထိန်းချုပ်ထားနိုင်ပြီး စစ်သား ၄၀ကျော်လက်နက်ချ

ချင်းပြည်နယ်၊ ဖလမ်းမြို့တမြို့လုံးနီးပါးကို ချင်းညီနောင်နဲ့မဟာမိတ်တွေက ထိန်းချုပ်ထားနိုင်ပြီး စစ်ကောင်စီတပ်သား ၄၀ကျော်လက်နက်ချအလင်းဝင်လာတယ်လို့ ဒီဇင်ဘာ ၂၃ရက်မှာပြုလုပ်တဲ့ ချင်းညီနောင်စစ်ဆင်ရေး (Operation CB) နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ချင်းညီနောင် ‌ပြောခွင့်ရသူတစ်ဦးက‌ ပြောပါတယ်။ဖလမ်းမြို့ပေါ်က မြန်မာစစ်တပ်ရဲ့ ရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးအပါအဝင် ဌာနဆိုင်ရာရုံးတွေကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်ကတည်းက ထိန်းချုပ်ထားနိုင်ပြီလို့ ဆိုပါတယ်။

ဖလမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၃ ဦးဟာ ချင်းညီနောင်တပ်ဆီ လက်နက်ချခဲ့ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၃ ရက်မှာလည်း မြန်မာစစ်တပ်ရဲ့ ရဲတပ်ဖွဲ့ဝင် ၂ ဦးကို ဖမ်းဆီးရမိခဲ့တာကြောင့် ချင်းညီနောင်ဘက်က စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅ ဦးကို ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။လက်ရှိ ဖလမ်းမြို့ တစ်မြို့လုံးနီးပါးကို တော်လှန်‌ရေးအင်အားစုဘက်က ထိန်းချုပ်ထားပြီး မြန်မာစစ်တပ်ရဲ့ စစ်တပ်ကုန်းတစ်ခုသာ ကျန်ရှိတော့တယ်လို့ ချင်းညီနောင်က ပြောပါတယ်။ဖလမ်းမြို့နဲ့ အတူ စစ်ဆင်ရေးဖော်ဆောင်ခဲ့တဲ့ ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်မြို့နဲ့ ကန်ပလက်မြို့တွေကို ဒီဇင်ဘာ ၂၂ရက်တစ်ရက်ထဲမှာ ချင်းညီနောင်က သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။ချင်းပြည်နယ်တစ်ခုလုံးမှာဖလမ်းနဲ့ ထန်တလန်မှာမြို့သိမ်းတိုက်ပွဲဆင်နွှဲနေပြီး မြို့တော် ဟားခါး၊ တီးတိန်နဲ့ ခိုင်ကမ်းမြို့တွေသာ သိမ်းယူဖို့ ကျန်ရှိနေတာကြောင့် ပြည်နယ်ရဲ့ ၈၅ရာခိုင်နှုန်းကို ထိန်းချုပ်ထားနိုင်ပြီလို့ ချင်းညီနောင်ကပြောပါတယ်။

You may have missed